တိုင်းရင်းသား စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း တည်ထောင်မည်

တိုင်းရင်းသား စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း တည်ထောင်မည်

နိုင်ငံတော်အဆင့် တိုင်းရင်းသား စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းအား ဖွဲ့စည်းတည်ထောင်ရန် ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) နှင့် တိုင်းရင်းသားလုပ်ငန်းရှင်များက သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ဖေဖော်ဝါရီလ ၉ ရက် ညနေပိုင်းက တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ကျင်းပသည့် Sustainable Development Forum ပြီးဆုံးခြင်း ဂုဏ်ပြုလွှာပေးပွဲတွင် ယင်သို့ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

“ တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ဒေသတွေမှာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်တဲ့၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ၊ အဂတိလိုက်စားမှုကို အားမပေးတဲ့ စီးပွားရေးပုံစံ တည်ဆောက်နိုင်ဖို့ အရေးကြီးတယ်” ဟု UMFCCI ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်က ယင်းပွဲတွင် ပြောသည်။

အဆိုပါ တိုင်းရင်းသား စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းအား လာမည့် တစ်လအတွင်း ဖွဲ့စည်းသွားမည်ဟု  သိရပြီး  ပထမအဆင့်အနေဖြင့် နိုင်ငံတော်အဆင့်အသင်းအဖြစ် ဖွဲ့စည်းသွားမည် ဖြစ်ကာ မည်သည့် လုပ်ငန်းရှင် မဆို ပူးပေါင်းပါဝင်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် ကနဦးအဆင့်အနေဖြင့် ဖွဲ့စည်းရန် သဘောတူညီခဲ့ကြခြင်းဖြစ်ပြီး အသေးစိတ်ကိုတော့ ထပ်မံမသိရသေးပေ။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...