အေပီကိုတရားစွဲရန် သူ့အနေနှင့် ဘာမှလုပ်ဆောင်ထားခြင်း မရှိသေးဟု ရခိုင်ပြည်နယ် ဥပဒေချုပ်ဆို

အေပီကိုတရားစွဲရန် သူ့အနေနှင့် ဘာမှလုပ်ဆောင်ထားခြင်း မရှိသေးဟု ရခိုင်ပြည်နယ် ဥပဒေချုပ်ဆို
ဓါတ်ပုံ - ဂူတာပြင်ကို သွားရောက်စစ်ဆေးနေသူများကိုတွေ့ရစဉ်
ဓါတ်ပုံ - ဂူတာပြင်ကို သွားရောက်စစ်ဆေးနေသူများကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာတွင် လူအများအပြား အသတ်ခံရပြီး မြုပ်နှံထားသည်ဟု သတင်းရေးသားဖော်ပြသော နိုင်ငံခြားသတင်းဌာန တစ်ခုဖြစ်သည့် အေပီကို တရားစွဲဆိုရန် မိမိအနေဖြင့် ဘာမှမလုပ်ဆောင်ရသေးကြောင်း ပြည်နယ်ဥပဒေချုပ် ဦးကျော်လှထွန်းက ပြောကြားသည်။

ဇန်နဝါရီ ၅ ရက်နေ့က နိရဥ္စရာ သတင်းဌာနမှ အေပီအား တရားစွဲမည့် ကိစ္စမည်သို့ ဆောင်ရွက်နေပါသလဲဟု မေးမြန်းစဉ် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။

“ ကျွန်တော်ကတော့ ပြောလို့ မရဘူး။ ကျွန်တော်က အစိုးရ အဖွဲ့ ကိုယ်စား ပြောလို့မရဘူူး။ ဦးတင်မောင်ဆွေက ပြောရင် သူက အစိုးရကိုယ်စားပြောတာဖြစ်မယ်။ တရာစွဲမယ်၊ မစွဲဘူးဆိုတာ က ဟို ရေးတဲ့ အေပီ သတင်းထောက် ဘယ်သူဆိုတာ ကျွန်တော်တို့ မသိဘူး။ ဟိုတစ်ရက် နှစ်ရက်က ဘူးသီးတောင်ကိစ္စကို သွားပြီး စစ်ဆေးတယ်။ ဒါပေမယ့် သတင်းမှာ ပါတဲ့ အတိုင်း မဟုတ်ဘူး။ ဒီတော့ အေပီသတင်းဌာနမှာ တာဝန်ရှိတာပေါ့။ အခုရေးတဲ့ သတင်းထောက်ကို ခေါ်သွားမယ်။ မင်းဘယ်မှာ နေရာမှာ မြုပ်ထားလဲ ပြ၊ မပြနိုင်ရင် မင်းတာဝန်ဘဲ” ဟု ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက ပြောသည်။

အေပီသတင်းဌာနအား တရားစွဲဆိုမည်ဟု သတင်းတက်နေသဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေမှု အခြေအနေကို သိရှိလိုပါကြောင်း မြေးမြန်းရာ ဦးကျော်လှထွန်းက “ သတင်းမမှန်လျှင် သတင်းမီဒီယာ ဥပဒေအတိုင်း အရေးယူဆောင်ရွက်မယ်။ သတင်းမီဒီယာ ဥပဒေကို သတင်းသမားတွေကို အကုန်လုံး သိပါတယ်။ တရားစွဲဆိုရင် စွဲဆိုသွားမယ်။ ဒီနေ့ထိ ပြင်ဆင်မှု မရှိပါဘူး။ ဆိုင်ရာဆိုင်ရာ ညှိနိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြည်နယ် ဥပဒေချုပ် တစ်ဦးအနေဖြင့် တရားစွဲဆိုမည်ဆိုလျှင် ဥပဒေကြောင်းအရ မည်သို့ ဆောင်ရွက်ထားပါသလဲဟု သိလိုပါကြောင်း မေးမြန်းရာ “ ဘာမှ ဆောင်ရွက်ထားတာမရှိဘူး” ဟု ဖြေကြားသည်။

`

ရခိုင်ပြည်နယ် အစိုးရမှ ဘူးသီးတောင်မြို့နယ် ဂူတာပြင်တွင် ဘင်္ဂလီ လူမျိုး ၄၀၀ ကျော်အား သတ်ဖြတ်ပြီး ကျင်း ၅ကျင်းဖြင့် မြုပ်နှံထားကြောင်း၊ ဘယ်သူဘယ်ဝါမှန်းမသိရအောင် မျက်နှာကိုအက်ဆစ်နှင့် လောင်းထားသလို သေနတ်ဖြင့် ပစ်ခတ်ပြီးလည်း ပုံဖျက်ထားတာမျိုးလည်း တွေ့ရကြောင်း အေပီ သတင်းဌာနက ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေး ရောက်ရှိနေသူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ဖေဖော်ရီ ၁ ရက်နေ့က သတင်းရေးသားဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက်နေ့က ၎င်းသတင်းနှင့် ပတ်သက်ပြီး အစိုးရ၏ တာဝန်ပေးချက်အရ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် အဖွဲ့ဝင် ၁၇ ဦးပါ အဖွဲ့မှ ဂူတာပြင် ကျေးရွာအထိ သွားရောက် စစ်ဆေးခဲ့သည်။ ၎င်းမြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ အေပီ၏ သတင်းဌာန ဖော်ပြချက်များမှာ မှန်ကန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု အစိုးရဘက်က ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းနောက်ပိုင်း သတင်းအမှားရေးသားသည်ဟု ဆိုကာ အေပီကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ထုတ်ဖော် ပြောကြားထားသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...