တိုက်ပွဲကြားပိတ်မိနေသည့် ပယင်းမှော်လုပ်သား အားလုံးနီးပါးပြန်လွှတ်

တိုက်ပွဲကြားပိတ်မိနေသည့် ပယင်းမှော်လုပ်သား အားလုံးနီးပါးပြန်လွှတ်
by -
စိုးသူအောင်

ကချင်ပြည်နယ် တနိုင်း - ဟူးကောင်းဒေသ ပယင်းမှော်တစ်ဝိုက် တပ်မတော်နှင့် ကချင်လွှတ်လပ်ရေးအဖွဲ့ (KIA) တို့ဖြစ်ပွားနေသည့်တိုက်ပွဲများအကြား ပိတ်မိနေသည့် ပယင်းမှော်လုပ်သား အားလုံးနီးပါး တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြန်လွှတ်လာပြီဖြစ်ကြောင်း တနိုင်းမြို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းကပြောသည်။

“မနေ့[ဖေဖော်ဝါရီ ၆ ရက်]ကထိတော့ လူဦးရေ ၄၀၀ လောက်ကျန်သေးတယ်လို့ပြောတယ်။ မနေ့က ၂၀၀ လောက်ထုတ်၊ ဒီနေ့မနက် ၂၀၀ လောက်ထုတ်ရင်လူဦးရေက ကုန်လောက်မယ်လို့ထင်တယ်။ ကျန်လည်းနည်းနည်းပဲကျန်မှာ ။ အစတုန်းက ၆၀၀၊ ၄၀၀၊ ၂၀၀၊ ၃၀၀ ထုတ်နေတာဆိုတော့ ဆိုင်ကယ်တွေ သုံးဘီးတွေ ကားတွေယူလို့မရဘူး။ မနေ့က စပြီး ၂ ရက်လောက်ရှိပြီ ဆိုင်ကယ်တွေပေးယူနေတယ်။ အဲ့တာကြောင့် ကြန့်ကြာနေတယ်လို့ပြောတယ် “ ဟု၄င်းကဆိုသည်။

ကချင်ပြည်နယ် တနိုင်းဒေသ ပယင်းမှော်တွေတဝိုက်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူဦးရေ ၃၀၀၀ ခန့်ပိတ်မိ ခဲ့ ပြီး တနိုင်းအခြေစိုက်   ဒေသကွပ်ကဲရေးစစ်ဋ္ဌာနချုပ်က ဦးဆောင်ကာ ဇန်နဝါရီ ၃၀ ရက်မှစတင်ကယ်ဆယ်နေခြင်းလည်းဖြစ်သည်။

အဆိုပါဒေသတွင် ဇန်နဝါရီ ၂၈ ရက်ခန့်မှစတင်ကာ ဖေဖော်ဝါရီ ၇ ရက်နေ့ အထိတစ်ပတ်ကျော်ကြာ ပယင်းမှော်လုပ်သားများပိတ်မိနေ ခဲ့ခြင်းဖြစ်ပြီး လတ်တလောအဆိုပါနေရာတွင် တိုက်ပွဲများမရှိတော့ကြောင်းလည်း ဦးဇော်ဝင်းကပြောသည်။

အဆိုပါ ပိတ်မိခဲ့သည့် လူဦးရေ ၃၀၀၀ ကျော်တွင် ဆိုင်ကယ် အစီး ၇၀၀ ကျော်ပါရှိ ကြောင်းလည်းသိရသည်။ စတင်ကယ်တင်စဉ်က ဆိုင်ကယ်များကို ယူခွင့်မပေးခဲ့သော်လည်း နောက်ဆုံးအသုတ် ပြန်သည့်သူများကို မိမိပိုင်ဆိုင်သည့် ဆိုင်ကယ်များယူခွင့်ပေးနေသောကြောင့် လုပ်ငန်းစဉ်နှောက်နှေး နေခြင်းဖြစ်သည်ဟုလည်း ဦးဇော်ဝင်းကသုံးသပ်သည်။

တနိုင်းဒေသတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အေ) တို့အကြားဖြစ်ပွားသောတိုက်ပွဲများ ကြောင့်ပိတ်မိနေသော စစ်ဘေး သင့် ပြည်သူများအား ကယ်ထုတ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၅ ရက်က ကချင်ပြည်နယ်ရှိဒေသခံပြည်သူများမှ မြစ်ကြီးနားမြို့၊ စီတာပူမ နောကွင်း မှ စတင်၍ မြစ်ကြီး နားမြို့အတွင်း လူဦးရေ  ၅ ထောင်ခန့် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...