မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြီးမှ ပင်လုံလုပ်ရန် အစိုးရနှင့်တပ်မတော်ကို မွန်ပြည်သစ် မေတ္တာရပ်ခံထား

မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြီးမှ ပင်လုံလုပ်ရန် အစိုးရနှင့်တပ်မတော်ကို မွန်ပြည်သစ် မေတ္တာရပ်ခံထား
by -
စိုးသူအောင်
မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် နိုင်အောင်မငေး
မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် နိုင်အောင်မငေး

မွန်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြီးကာမှ ၂၁ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကိုကျင်းပရန် အစိုးရနှင့် တပ်မတော်ထိပ်ပိုင်း   ခေါင်းဆောင်များကို  မေတ္တာရပ်ခံထားသည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် နိုင်အောင်မငေးက မဇ္စျိမသို့ပြောသည်။

“ မေတ္တာရပ်ခံထားတာက ကျွန်တော်တို့ မွန်အမျိုးသားအဆင့်လုပ်ပြီးမှ ရတဲ့အချက်အလက်ကို UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ) မှာတင်မယ်။ အဲ့တာပြီးမှပဲ UPC လုပ်ဖို့ ဆိုတော့ အချိန်နည်းနည်းတော့ရှိဦးမပေါ့လေ။ မေတ္တာရပ်ခံထားတာကြတော့ သူတို့လိုက်လျော မယ်လို့ ထင်ပါတယ်။ အစိုးရပိုင်းရော တပ်မတော်ပိုင်းရောပေါ့နော် “ ဟု ၄င်းကပြောဆိုသည်။

သို့မှသာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (UPC) တွင် မွန်တိုင်းရင်းသားတို့၏ အဆိုပြုချက်များ၊ အသံများပါဝင်နိုင်မည်ဖြစ်ကြောင်း နိုင်အောင်မငေးက ဆိုသည်။

မွန်ပြည်သစ်ပါတီ (NMSP) သည် လာမည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ကိုရေးထိုးရန် ကြေငြာထားသည့်အဖွဲ့လည်းဖြစ်သည်။

သို့သော်လည်း ၂၁ ရာစုပင်လုံညီလာခံ ကျင်းပမည့်ရက်ကိုအတိအကျမသတ်မှတ်ရသေးသကဲ့သို့ လတ်တလောတွင် NCA မထိုးရသေးသောကြောင့် ၄င်းတို့၏ မေတ္တာရပ်ခံချက်နှင့် ပက်သက်ပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာမချရသေးဟု မွန်ပြည်သစ်ပါတီ (NMSP) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် နိုင်အောင်မငေးကပြောသည်။

မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့သည် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ၈ကြိမ်မြောက်ဆွေးနွေးခဲ့သော ဆုံးဖြတ်ချက်များကို အစိုးရနှင့် သဘောတူညီ၍ သဘောတူညီချက်လက်မှတ်ရေး ထိုးကြ မည်ဖြစ်ပြီး NCA ကိုတစ်ပါတည်း ရေးထိုးရန်စီစဉ်ထားခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

 သို့မှသာ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကို အကောင်အထည်ဖော်သည့်နေရာတွင် အဆိုပါ DPN ၏အဆိုပြုချက် ၈ချက်တွင်အကျုံးဝင် မည်ဖြစ်ကြောင်း နိုင်အောင်မငေးက ဆိုသည်။

 မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် ဇန်နဝါရီ ၂၃ရက်က သီးခြားစီ တွေ့ဆုံပြီးနောက် NCA လက်မှတ်ရေးထိုးမည်ဟု ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...