တိန်ညိုရွာသား သုံးဦးကို မြောက်ဦးရဲက ဖမ်းဆီးထိန်းသိမ်းထား

တိန်ညိုရွာသား သုံးဦးကို မြောက်ဦးရဲက ဖမ်းဆီးထိန်းသိမ်းထား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာမှ ရွာသား ၃ ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ကျေးရွာ လူကြီး တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဦးအေးကျော်ထွန်း (အသက် ၄၅ နှစ်)၊ မောင်ဝင်းလှိုင် (အသက် ၄၁ နှစ်)နှင့် ကျော်မြင့် ( အသက်၂၉ နှစ်)တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့သုံးဦးအား မြောက်ဦးရဲစခန်းသို့ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ ခေါ်ယူခံရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟုသူက ပြောသည်။

ဇန်နဝါရီ ၃၁ ရက်နေ့က ဦးကျော်မြင့် (၄၇)၊ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်း၊ သားဖြစ်သူ မင်းသန်းဋ္ဌေး (၂၀) နှစ်နှင့် နောက်ထပ် အမျိုးသမီးတစ်ဦးတို့ ရန်ကုန်တိုင်း ဒေသကြီး သံလျင်မြို့နယ်တွင် ဖမ်းဆီးခံရပြီးနောက် ၎င်းတိန်ညိုကျေးရွာသားသုံးဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များသည် ၎င်းကျေးရွာနှင့် ချောင်းတစ်လျှောက် ရေထဲတွင် လက်နက်ပုန်းများ ဝှက်ထားသည်ဟု သတင်းရသည်ဆိုကာ ယမန်နေ့က ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ရွာသားများက ပြောကြားသည်။

ယခုဖမ်းဆီးခံရသူ သုံးဦးသည် ဦးဘိုဘိုမင်းသိုက် သေဆုံးခြင်းနှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံရသူများ မဟုတ်ဘဲ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံရသည်ဟု သတင်းရရှိကြောင်း၎င်း ကျေးရွာ လူကြီးမှ ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသည်ဟု အကြောင်းပြန်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...