တိန်ညိုရွာသား သုံးဦးကို မြောက်ဦးရဲက ဖမ်းဆီးထိန်းသိမ်းထား

တိန်ညိုရွာသား သုံးဦးကို မြောက်ဦးရဲက ဖမ်းဆီးထိန်းသိမ်းထား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာမှ ရွာသား ၃ ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ကျေးရွာ လူကြီး တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဦးအေးကျော်ထွန်း (အသက် ၄၅ နှစ်)၊ မောင်ဝင်းလှိုင် (အသက် ၄၁ နှစ်)နှင့် ကျော်မြင့် ( အသက်၂၉ နှစ်)တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့သုံးဦးအား မြောက်ဦးရဲစခန်းသို့ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ ခေါ်ယူခံရပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟုသူက ပြောသည်။

ဇန်နဝါရီ ၃၁ ရက်နေ့က ဦးကျော်မြင့် (၄၇)၊ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်း၊ သားဖြစ်သူ မင်းသန်းဋ္ဌေး (၂၀) နှစ်နှင့် နောက်ထပ် အမျိုးသမီးတစ်ဦးတို့ ရန်ကုန်တိုင်း ဒေသကြီး သံလျင်မြို့နယ်တွင် ဖမ်းဆီးခံရပြီးနောက် ၎င်းတိန်ညိုကျေးရွာသားသုံးဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်များသည် ၎င်းကျေးရွာနှင့် ချောင်းတစ်လျှောက် ရေထဲတွင် လက်နက်ပုန်းများ ဝှက်ထားသည်ဟု သတင်းရသည်ဆိုကာ ယမန်နေ့က ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ရွာသားများက ပြောကြားသည်။

ယခုဖမ်းဆီးခံရသူ သုံးဦးသည် ဦးဘိုဘိုမင်းသိုက် သေဆုံးခြင်းနှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံရသူများ မဟုတ်ဘဲ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ဖမ်းဆီးခံရသည်ဟု သတင်းရရှိကြောင်း၎င်း ကျေးရွာ လူကြီးမှ ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းပိတ်ထားသည်ဟု အကြောင်းပြန်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...