ရိုက်တာသတင်းထောက် ၂ ဦး အမြန်ဆုံး လွှတ်ပေးရန် ဒိန်းမတ်သံရုံး ထပ်မံတောင်းဆို

ရိုက်တာသတင်းထောက် ၂ ဦး အမြန်ဆုံး လွှတ်ပေးရန် ဒိန်းမတ်သံရုံး ထပ်မံတောင်းဆို

အစိုးရလျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် မိမိတို့ နောက်တစ်ကြိမ် ထပ်မံ တောင်းဆိုသည်ဟု ဒိန်းမတ်သံရုံးမှ ယနေ့ ထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ ၃ ကြိမ်မြောက်ရုံးထုတ်ခဲ့ရာ ၎င်းတို့ နှစ်ဦး၏ အာမခံ တောင်းဆိုမှုနှင့်ပတ်သက်၍ ခွင့်ပြုရန် ရှိမရှိ ယနေ့ ဆုံးဖြတ်သွားရန် ရှိနေသည်။

ပြီးခဲ့သည့် သီတင်းပတ်က ၎င်းတို့နှစ်ဦးအား တရားရုံး ရုံးထုတ်ခဲ့ရာတွင်လည်း ဒိန်းမတ်သံရုံးမှလည်း တက်ရောက်ထားခဲ့့ပြီး  ရုံးထုတ်ခဲ့စဉ်အတွင်း ၎င်းတို့နှစ်ဦးအပေါ် စွဲဆိုထားချက်များနှင့်ပတ်သက်၍ သက်သေ အထောက်အထားခိုင်မာစေရန် တရားရုံးသို့ တင်ပြသည့် စာရွက်စာတမ်းတွင် ရှေ့နောက်မကိုက်ညီမှု များ ရှိနေသည်ကို တွေ့ခဲ့ရသည်ဟု သံရုံး၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ရိုက်တာ သတင်းထောက်နှစ်ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုလိုက်ပြီး မီဒီယာအခန်းကဏ္ဍအပေါ် အပြည့်အဝ လေးစားတန်ဖိုးထားရေးကိုလည်း ဒိန်းမတ်သံရုံးက တောင်းဆိုလိုက်သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...