တောင်ကုတ်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသောအငြိမ်းစားဆရာ/ဆရာမကြီးများကို အာစရိယပူဇော်ပွဲ ရန်ကုန်တွင် ပြုလုပ်

တောင်ကုတ်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသောအငြိမ်းစားဆရာ/ဆရာမကြီးများကို အာစရိယပူဇော်ပွဲ ရန်ကုန်တွင် ပြုလုပ်
by -
တင့်ဆွေမောင် (တောင်ကုတ်)

တောင်ကုတ်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ရခိုင်ပြည်နယ် ပြင်ပရှိ အငြိမ်စား(မူ/လယ်/ထောက်)ဆရာ ဆရာမကြီးများအား ဒုတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယခုလ ၂၈ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

၎င်းအာစရိယ ပူဇော်ပွဲကို တောင်ကုတ်ကျောင်းတွင်ပညာ သင်ကြားခဲ့သောကျောင်းသူကျောင်းသားများ ဦးစီးပြီး ရန်ကုန်မြို့၊ရွှေတိဂုံဘုရားလမ်း၊ တောင်ဘက်မုဒ်ရှိ သစ်လုပ်ငန်း ဓမ္မာရုံတွင်ပြုလုပ်ခဲ့ကြသည်။

တောင်ကုတ်မြို့တွင် တစ်ချိန်က တာဝန်ထမ်းဆောင်ခဲ့သည့် ကန်တော့ခံဆရာမကြီးဒေါ်ညွှန့်ညွန့်ဝေမှ “ တောင်ကုတ်မြို့မှာ တာဝန်ထမ်းဆောင်နေသလိုမျိုး ခံစားရပါတယ်၊ ဘာကြောင့်လဲဆို တော့ ဒီပူဇော်ပွဲမှာ တပည့်တွေရဲ့မေတ္တာကို အပြည့်အဝခံစားရလို့ပါ။ မုတ္တိတာ တရားပွားရပါတယ်” ဟု ပြောကြာသည်။

ဆရာ ဆရာမကြီးများမှ တစ်ဦးစီမိတ်ဆက်ခဲ့ကြပြီး ကြားဖြတ်အစီအစဉ်အနေဖြင့် တောင်ကုတ်ကျောင်းသားဟောင်း မစ္စတာ တော့ မှ မျက်လှည့်ပြကွက်ဖြင့် ပြသခဲ့ရာ တက်ရောက်လာသူများကို အကြိုက်တွေ့စေခဲ့သည်။

မျက်လှည့်ဆရာ မစ္စတာတော့ က “ သူငယ်ချင်းတွေ အများစုက ကျွန်တော်ရဲ့ မျက်လှည့် ပြကွက်တွေကို တီဗွီမှာသာ မြင်ဘူးပြီး အပြင်မှာ မတွေ့ဘူးကြလေ။ ကိုယ့်ရဲ့ သူငယ်ချင်းတွေရှေ့မှာ ခုလို ပြသ ခွင့်ရလို့ ဂုဏ်ယူပါတယ်။ ဒါပေမယ့် ကိုယ့်ဆရာတွေရှေ့နဲ့ သူငယ်ချင်းတွေရှေ့ ပြသရတာ တစ်ခြား ပရိတ်သတ်တွေရှေ့မှာ ပြသရတာထက် ပိုရင်ခုန် စိတ်လှုပ်ရှားရပါတယ်´ဟုပြောသည်။

ကန်တော့ခံ ဆရာ/ဆရာမကြီး ၆၁ ဦးအား တစ်ဦးစီ ငွေတစ်သိန်းငါးသောင်းကျပ်စီပူဇော်ပြီးလက်ကျန်ငွေ နှစ်ဆယ့်တစ်သိန်းအား ဆရာဦးအေးမောင်၊ ဆရာမဒေါ်ဆွေဆွေမာ၊ ဆရာဦးသိန်းဖေ၊ ဦးစောဖြူ၊ ဒေါ်ခင်ရွှေ၊ ဦးတင်မောင်ဝင်း ဦးတင်ဝင်း တို့ကို ကံထူးရှင် ဆရာ ဆရာမများအဖြစ် တစ်ဦးကို ကျပ် ၃ သိန်းစီ သီးသန့် ကန်တော့ခဲ့ကြောင်း သိရသည် ။

ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ မစမ်းစမ်းနုက “ ဒီနှစ်ကောက်ခံရရှိငွေ ၁၂၄သိန်း ငါးသောင်း ငါးထောင်ရပါတယ်။ ရန်ပုံငွေက အရေးကြီးပြီး မအားလပ်ကြားက ကောက်ခံပေးတဲ့ ကျင်းပရေးကော်မတီကို အထူးကျေးဇူး တငါပါတယ်။ နောင်နှစ်မှာလည်း ခုလို စုစုစည်းစည်းအင်တိုက်အားတိုက်ပါဝင်ကြပါဖို့ ကော်မတီကိုယ်စား တိုက်တွန်းအပ်ပါတယ်” ဟု ပြောကြာသည်။

အခမ်းအနားကို ကျောင်းသားကျောင်းသူပေါင်း တစ်ရာနီးပါးတက်ရောက်သည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...