လစ်လပ်နေသော ရခိုင်စည်ပင်ဝန်ကြီးနေရာ စိုက်ပျိုးရေးဝန်ကြီးကို ပူးတွဲတာဝန်ပေး

လစ်လပ်နေသော ရခိုင်စည်ပင်ဝန်ကြီးနေရာ စိုက်ပျိုးရေးဝန်ကြီးကို ပူးတွဲတာဝန်ပေး

လစ်လပ်နေသော ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး တာဝန်ကို  စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်အား ပူးတွဲတာဝန်ပေး ခန့်အပ်ထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ယင်းလစ်လပ်နေသော စည်ပင်ဝန်ကြီး ဦးမင်းအောင်နေရာကို စိုက်ပျိုးဝန်ကြီး ဦးကျော်လွင်အား ပူးတွဲတာဝန်ပေး ခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။

“အခုလတ်တလောမှာ စည်ပင်ဝန်ကြီး မရှိသေးတဲ့အတွက် အဲဒီနေရာကို ကျနော်ကို ယာယီခန့်အပ်လိုက်တာပါ။ တာဝန် ပေးအပ် ခံရတာကို ဥပဒေနဲ့အညီ စေတနာပါပါနဲ့ ထမ်းဆောင်ရမှာပါ။”ဟု စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သစ်တောနှင့်  သတ္တုဝန်ကြီး ဦးကျော်လွင်က RiAသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင် စည်ပင်ဝန်ကြီး ဦးမင်းအောင်သည် နို်င်ငံတော်က ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိဟုဆိုကာ တာဝန်ကမှ ရပ်စဲရန် ရခိုင်ပြည်နယ် လွှတ်တော်က ဇန်နဝါရီလ ၂ ရက်နေ့မှာ အရေးပေါ်အစည်းဝေး ခေါ်ယူပြီး မဲခွဲ ဆုံးဖြတ်ခဲ့သည်။

ယင်းနောက် စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို တာဝန်က ရပ်စဲလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...