KIO ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်

KIO ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်
by -
ဖနိဒါ

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ကျမ်းသစ္စာကျိန်ဆိုခြင်းကို လိုင်ဇာမြို့ရှိ ပဒန်ခန်းမတွင် ဇန်နဝါရီလ ၂၇ ရက်နေ့က ကျင်းပခဲ့သည်။

KIO ဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားကို ကချင်ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများ က စုပေါင်း ဆုတောင်းဝတ်ပြုခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဥက္ကဋ္ဌသစ် ကျမ်းသစ္စာကျိန်ဆိုပြီး ဆုတောင်းတာပဲရှိတယ်။ ဘာသာရေးခေါင်းဆောင်တွေ ဆုတောင်းပေးတာ ပါပဲ။ ရှေ့လုပ်ငန်းစဉ် နိုင်ငံရေးနဲ့ ပတ်သက်လို့တော့ ဥက္ကဋ္ဌက ဘာမှ မပြောသေးဘူး။ ဗဟိုကော်မတီရဲ့ ဆုံးဖြတ် ချက် အတိုင်းသွားမှာပါ”ဟု KIO ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ကျန်းမာရေးအရ အနားယူသွားသည့် ဥက္ကဋ္ဌဟောင်း ဦးလညော်ဇော်ဟရားက ဇန်နဝါရီလ ၂ ရက်နေ့တွင် KIO ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လကို တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ထိုအခမ်းအနားတွင် ခရစ်ယာန်ဘာသာရေးခေါင်းဆာင်များ၊ KIO ဗဟိုကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဂုဏ်ပြုခဲ့သည်ဟု သိရသည်။ 

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...