မြောက်ဦးဖြစ်စဉ် စစ်ဆေးရန် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး တောင်းဆိုပြီးနောက် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်ခေါ်ယူ

မြောက်ဦးဖြစ်စဉ် စစ်ဆေးရန် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး တောင်းဆိုပြီးနောက် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်ခေါ်ယူ
by -
စံမောင်သန်း

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ဖြစ်ကြသည့် ဦးထွန်းသာစိန်နှင့် ဦးကျော်ဝင်းတို့မှ မြောက်ဦးတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အား လွှတ်တော်မှ စုံစမ်းစစ်ဆေးရန် တောင်းဆိုပြီးနောက် ရခိုင်ပြည်နယ် လွှတ်တော်အား ဇန်နဝါရီ ၂၉ ရက်နေ့တွင် အရေးပေါ်ခေါ်ယူထားကြောင်း သတင်းရရှိသည်။

“မြောက်ဦးဖြစ်စဉ်ကို ရခိုင်ပြည်နယ်လွှတ်တော်မှ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး စစ်ဆေးဖို့လိုတယ်လို့ မြောက်ဦး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ကျွန်တော်နဲ့ ဦးကျော်ဝင်းတို့က တင်ပြတောင်းဆိုထားပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဒီကိစ္စဆွေးနွေးဖို့ ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူထားပါတယ်” ဟု မြောက်ဦးမြို့နယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇန်နဝါရီ ၁၆ ရက်ညက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ဆန္ဒုပြ လူအုပ်အား ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်လူစုခွဲရာမှ လူ ၇ ဦးသေပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုဖြစ်စဉ်အား ရခိုင်ပြည်နယ် လွှတ်တော်မှ စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးရန် မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက တောင်းဆိုထားသည်။

၎င်းပြင် လွှတ်တော် အစည်းအဝေးတွင် Mini ဘတ်ဂျက်ဟု ခေါ်သည့် ဧပြီလမှ စတင်ဘာလထိ ဘတ်ဂျက်ကို ပြည်နယ်လွှတ်တော်ထဲမှာ အတည်ပြုပါမည် ဖြစ်ကြောင်းလည်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆက်လက် ပြောကြားသည်။

အဆိုပါ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရေးကိစ္စကို လွှတ်တော်က အတည်ပြုနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးထွန်းသာစိန်က ပြောသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...