ဆေးရုံမှ ဒဏ်ရာရသူ သုံးဦးတိမ်းရှောင်သွားသဖြင့် မြောက်ဦးတွင် ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ ဖမ်းဆီး အရေးယူခံရ

ဆေးရုံမှ ဒဏ်ရာရသူ သုံးဦးတိမ်းရှောင်သွားသဖြင့် မြောက်ဦးတွင် ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ ဖမ်းဆီး အရေးယူခံရ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ဆေးရုံမှ ဒဏ်ရာရသူ သုံးဦးထွက်ပြေးတိမ်းရှောင်သွားသဖြင့် တာဝန်ကျ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်သား တစ်ဦးတို့ကို ဖမ်းဆီး အရေးယူထားကြောင်း သတင်းရရှိသည်။

“ မှန်ပါတယ် ခင်ဗျား။ ဒဏ်ရာရသူ သုံးဦး ပျောက်သွားတဲ့ အတွက် စောင့်ကြပ်ဖို့ တာဝန်ကျနေတဲ့ ဒုရဲအုပ်တစ်ဦး၊ ရဲတပ်သား တစ်ဦးတို့ကို တာဝန် ပေါ့လျော့နဲ့ ဖမ်းဆီး အရေးယူထားပါတယ်။ လုပ်ထုံး လုပ်နည်းအရ အရေးယူတာပါ။ ဒီအမှုမှ မဟုတ်ပါဘူး။ ကျန်တဲ့အမှုတွေမှာလည်း ခုလို ဖြစ်ရင် အရေးယူပါတယ်” ဟု ပြည်နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်မြတ်မိုးမှ နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

ဇန်နဝါရီ ၁၆ ရက်နေ့ ဖြစ်ပွားခဲ့သည့် မြောက်ဦးဖြစ်စဉ်တွင် လူ ၇ ဦးသေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူ ၁၂ ဦးထဲမှ ၈ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ၄ ဦးမှာ မြောက်ဦးဆေးရုံတွင် ဆက်လက် ဆေးကုသကာ ကျန်နေခဲ့သည်။ ထိုကျန်နေခဲ့သူ ၄ ဦးထဲမှ ၃ ဦးမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ထွက်ပြေး တိမ်းရှောင်သွားခြင်း ဖြစ်သည်ဟု သိရသည်။

“ လောလောဆယ် ထွက်ပြေးသွားသူတွေကို ရှာဖွေနေပါတယ်။ မတွေ့သေးပါဘူးခင်ဗျား။ သူတို့အကုန်လုံးကို ပြည်သူပိုင် ပစ္စည်းဖျက်စီးမှု ၆(၁) နဲ့ အရေးယူထားပါတယ်” ဟု ဆက်လက်ပြီး ပြည်နယ် ရဲမှူးက ပြောဆိုသည်။

မြောက်ဦးဖြစ်စဉ်တွင် ဒဏ်ရာရသူ ၁၂ ဦးစလုံးကို ပြည်သူပိုင် ပစ္စည်းဖျက်စီးမှု ၆(၁) ဖြင့် အရေးယူထားကြောင်း၊ စစ်တွေဆေးရုံးမှ ၈ ဦးကိုလည်း ဆေးရုံ အချုပ်တွင် ထိန်းသိမ်းထားကြောင်း၊ ယခုလောလောဆယ်တွင် နေမကောင်းသေးသလို ရဲတပ်ဖွဲ့မှလည်း အမှုတွဲ တည်ဆောက်နေဆဲ ဖြစ်သဖြင့် တရားရုံးမတင်နိုင်သေးကြောင်း၊ အားလုံးကို တရားရုံးတွင် တရားစွဲဆိုမည် ဖြစ်ကြောင်း၊ အပြစ် ရှိ /မရှိကို တရားရုံးကသာ ဆုံးဖြတ်မည် ဖြစ်ကြောင်း ပြောဆိုသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...