UNFC ဖေဖော်ဝါရီလအတွင်း အစည်းအဝေးတစ်ခု ပြုလုပ်ဖွယ်ရှိ

UNFC ဖေဖော်ဝါရီလအတွင်း အစည်းအဝေးတစ်ခု ပြုလုပ်ဖွယ်ရှိ
by -
စိုးသူအောင်

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် လာမည့် ဖေဖော်ဝါရီလအတွင်း အစည်းအဝေးတစ်ခု ပြုလုပ်ရန်ရှိနေကြောင်း အဖွဲ့ဝင် ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ခူဒယ်နီယာယ်က ပြောသည်။

NCA လက်မှတ်ရေးထိုးရန်နှင့် ပတ်သက်ပြီး UNFC ပြောခွင့်ရပုဂ္ဂိုလ်များထံ မေးမြန်းဆက်သွယ်မရခဲ့သော်လည်း UNFC အဖွဲ့ဝင် KNPP ဘက်က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ သူတို့ နောက်ဆုံးအစည်းအဝေးတစ်ခုကိုတော့ လုပ်မယ်လို့တော့ ကြားတယ်။ လာမယ့် လထဲမှာ။ အဲ့ဒီ့ အစည်းအဝေး ဆုံးဖြတ်ချက်ပေါ်မှာ မှုတည်ပါတယ်။ သူတို့ ထိုးမယ်၊ မထိုးဘူး။ ထိုးပြီးရင် UNFC အခန်းကဏ္ဍ ဘယ်လိုကျန်မလဲ စသည်ဖြင့် ဒါကတော့ ဆွေးနွေးကြမှာပါ့။ ရှေ့လ ဒုတိယပတ်လောက်မှာပါ “ ဟု၄င်း က ဆိုသည်။

UNFC အဖွဲ့ဝင်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ NCA  လက်မှတ် ရေးထိုးမည်ဟု နှစ်ဖက်အဖွဲ့ခေါင်း ဆောင် များက ဇန်နဝါရီ ၂၃ ရက်နေ့ကပြောဆိုခဲ့ပြီးနောက် UNFC အနေဖြင့် ပထမဆုံးအကြိမ် အစည်းအဝေးခေါ်ယူရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

ပြုလုပ်ဖွယ်ရှိနေသည့် အဆိုပါအစည်းအဝေးတွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး တို့၏ ကိစ္စများကိုလည်းဆွေးနွေးဖွယ်ရှိ နေကြောင်း ခူဒယ်နီယာယ်ကပြောသည်။

UNFC အဖွဲ့ဝင်များဖြစ်ကြသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊  ရခိုင်အမျိုုးသားကောင်စီ (ANC)၊ လားဟူဒီမို ကရပ်တစ်အစည်းအရုံး (LDU) တို့သည် အပစ်ရပ်လက်မှတ် အတူရေးထိုးရန် ပြောဆိုထားခဲ့သော်လည်း နှစ်ဖွဲ့မှာ မိမိသဘောဖြင့် အပစ်ရပ်လက်မှတ်ရေး ထိုးရန် ကြေညာခဲ့ခြင်းဖြစ်သည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...