ညစ်ညမ်း၍ မသုံးရသည့်ရေဖိုး ကျောက်တော်စည်ပင်က လစဉ်ကောက်နေ

ညစ်ညမ်း၍ မသုံးရသည့်ရေဖိုး ကျောက်တော်စည်ပင်က လစဉ်ကောက်နေ
မဘုကေ
မဘုကေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့အတွင်း စည်ပင်ကဖြန့်ဝေပေးသည့် ရေမှာ ညစ်ညမ်းမှုရှိနေ၍ မသုံးစွဲသော်လည်း တစ်အိမ်စီမှ လစဉ် ငွေသုံးထောင်ကျပ်ကို စည်ပင်က ကောက်ခံနေသည်ဟု ဒေသခံများ နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ရေ ပိုက်လိုင်းက လာတဲ့ရေက မသန့်ဘူး ဖြစ်နေတယ်၊ ရေသုံးစွဲမှု အဆင်မပြေဘူးပေါ့။ အနီးအနားမှာရှိတဲ့ ရေကန်က ရေတွေကို ခပ်ပြီး သုံးစွဲနေရတယ်” ဟု ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ ကို သန်းမြင့်က ပြောသည်။

ယင်းသို့ ညစ်ညမ်းနေသည့်ရေများအား မသုံးစွဲလျှင်လည်း ရေခအခွန်အဖြစ် အိမ်တစ်အိမ်လျှင် တစ်လကို သုံးထောင်ကျပ်စီ စည်ပင်သို့ လစဉ်ကြေး ပေးသွင်းနေရသည်ဟု ပြောသည်။

“သုံးလို့မရဘူး၊ သံချေး အရောင်ဖြစ်နေတယ်။ အားမနာတမ်း ပြောရမည်ဆိုရင် ခြေဆေးဖို့တောင် မကောင်းဘူး။ ဒါကို တစ်လ သုံးထောင်ကျပ် စည်ပင်က လာကောက်နေတယ် ” ဟု ကျောက်တော် မြို့မိမြို့ဖ တစ်ဦး ဖြစ်သူ ပြည်တော်သာရပ်ကွက်တွင် နေထိုင်သည့် ဦးထွန်းခင် ကပြောသည်။

ရေမသန့်သဖြင့် ဒေသခံများ အနေဖြင့် သောက်ရေများအတွက် ရေသန့်ဗူးများကို ဝယ်သောက်ရသည် ဟုလည်း ဒေသခံများက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ကျောက်တော်စည်ပင်ဦးစီး ဦးကျော်မောင်အေးက “ ရေ သံချေးရည် အရောင် ဖြစ်တယ်ဆိုတာ အရင်ကပါ။ အခုတော့ ရေသန့်နေပါပြီ” ဟု နိရဥ္စရာသို့ပြောသည်။

ကျောက်တော်မြို့ပေါ်တွင် ရပ်ကွက် ၅ ခုရှိပြီး မြို့ပေါ်ရပ်ကွက်များအတွက် သောက်သုံးရေများကို မြို့အနောက်ဘက်ရှိ ရှောက်ချောင်းဆည်အတွင်းမှ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...