ဖမ်းဆီးထားသည့် မြောက်ဦးဖြစ်စဉ်မှ ဒဏ်ရာရသူမျာအား ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်ထားဟုဆို

ဖမ်းဆီးထားသည့် မြောက်ဦးဖြစ်စဉ်မှ ဒဏ်ရာရသူမျာအား ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်ထားဟုဆို
ဓာတ်ပုံ- ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ
ဓာတ်ပုံ- ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ

မြောက်ဦးဖြစ်စဉ်ကြောင့် ဖမ်းဆီးထားသည့်လူနာများအား ပြည်သူပိုင်ပစ္စည်းများအား ဖျက်ဆီးမှုပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်ထားသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက နိရဥ္စရာသို့ ဇန်နဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက ပြောကြားခဲ့သည်။

“သူတို့ကိုတော့ ၆(၁)နဲ့ ဖွင့်ထားတယ်။ ဘာလို့ဆိုတော့ နိုင်ငံတော်ပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာကိုး။”ဟု ဦးတင်မောင်ဆွေက ပြောသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့၊ ညက မြောက်ဦးမြို့တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့မှုကြောင့် မြောက်ဦးခရိုင်ထွေ/အုပ်ရုံးနှင့် မြို့နယ်ထွေ/အုပ်ရုံးရှိ ဌာနပိုင်ပရိဘောဂများပျက်စီးခဲ့ပြီး ကျပ်သိန်း ၄ဝဝ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

ယခုဖမ်းဆီးခံလိုက်ရသူများသည် မြောက်ဦးဖြစ်စဉ်အတွင်း သေနတ်ကျည်ဆံထိမှန်၍ ဒဏ်ရာအပြင်းအထန်ရရှိကာ မြောက်ဦးဆေးရုံနှင့် စစ်တွေဆေးရုံတို့တွင် ဆေးကုသမှုခံယူနေသူများဖြစ်သည်။

သူတို့အား ဇန်နဝါရီလ ၂၃ ရက်နေ့၊ နံနက်ပိုင်း၌ ရဲတပ်ဖွဲ့က ဆေးရုံတွင်ပင်ဖမ်းဆီးခဲ့ရာ ၉ ဦးကိုသာဖမ်းဆီးလိုက်နိုင်ပြီး မြောက်ဦးဆေးရုံရှိ လူနာ ၃ ဦး လွတ်မြောက်သွားသည်ဟုလည်း ဦးတင်မောင်ဆွေက အတည်ပြုပြောသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့၊ ညက မြောက်ဦးမြို့တွင် လူစုလူဝေးဖြစ်ပေါ်ခဲ့မှုကြောင့် အရပ်သား ၇ ဦးလည်း သေနတ်ကျည်ဆံထိမှန်သေဆုံးခဲ့ရပြီး လူပေါင်း တစ်ဆယ်ကျော် ဒဏ်ရာရရှိခဲ့သည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...