UNFC ကမ်းလှမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်တိုု့နှင့် တွေ့ဆုံရေး အကြောင်းမပြန်သေး

UNFC ကမ်းလှမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်တိုု့နှင့် တွေ့ဆုံရေး အကြောင်းမပြန်သေး
by -
ဖနိဒါ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးနိုင်ဘို့ ညှိနှိုင်းဆုံးဖြတ်နိုင်ရန် နိုင်တော်၏ အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့နှင့် တွေ့ဆုံရန်အတွက် ညီညွတ်သော တိုင်းရင်သားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ကမ်းလှမ်းထားသော စာနှင့်ပတ်သက်၍ ယနေ့ (ဇန်နဝါရီလ ၂၂ ) ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

ဇန်နဝါရီလကုန်ပိုင်းတွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီလသို့ ရွှေ့ဆိုင်းလိုက်သည်ဟု ပြောဆိုမှုများ ရှိနေသေ်ာလည်း UNFC နှင့်တွေ့ဆုံနိုင်ရေးမှာ ယနေ့ထိ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း UNFC မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော်က ပြောသည်။

“ခုချိန်ထိ တွေ့ဖို့ ဘာမှ မရှိသေးဘူး။ အဲဒီစာနဲ့ အပေါ်မှာတော့ နောက်ဆုံးအခြေအနေက ဘာမှ ထူးခြားမှု မရှိသေးဘူး။ အကြောင်းပြန်လာတာ မရှိသေးဘူး။ လက်မှတ်ထိုးဖို့တော့ နောက်ဆုံးအခြေအနေ ဘာမှ ထူးခြားမှု မရှိသေးလို့ ဘာမှ ပြောလို့ မရသေးဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးရွှေ့ဆိုင်းရခြင်းသည် UNFC အဖွဲ့ လက်မှတ်ရေးထိုးရန် အစီအစဉ်ရှိပြီး အားလုံး ပါဝင်နိုင်ရန် ရွှေ့ဆိုင်းလိုက်သည်ဟု ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက ပြည်တွင်းသတင်းဌာနများတွင် ပြောဆိုထားသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် UNFC က ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် အမြန်ဆုံး တွေ့ဆုံရန် ငြိမ်းချမ်းရေးကော်မရှင် (PC)မှတဆင့် တောင်းဆိုစာပေးပို့ထားခြင်း ဖြစ်သည်။

UNFC မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)က တင်ပြထားသည့် အချက် ၉ ချက်အပေါ် ငြိမ်းချမ်းရေးကော်မရှင် (PC)နှင့် ဆွေးနွေးရာတွင် မပြီးပြတ်သဖြင့် ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ လက်မှတ်ရေးထိုးရေး ဆုံးဖြတ်ချက် ချနိုင်ရန် UNFC က တောင်းဆိုထားခြင်း ဖြစ်သည်။

ဇန်နဝါရီလ ပထမအပတ်တွင် ကျင်းပသော UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့ အစည်းအဝေးတွင် DPN မှ တင်ပြထားသည့် အချက် ၉ ချက်ကို PC နှင့် တွေ့ဆုံညှိနှိုင်းရန်နှင့် အခြားနည်းလမ်းများကို ဆက်လက် ရှာဖွေကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဇန််နဝါလ ၈ ရက်နေ့က UNFC ထုတ်ပြန်ထားသည်။ 

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...