KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲ ရှထူးဇွပ်ရွာသားများ ထွက်ပြေးနေရဟုဆို

KIA နှင့် တပ်မတော်တို့အကြား တိုက်ပွဲ ရှထူးဇွပ်ရွာသားများ ထွက်ပြေးနေရဟုဆို
by -
ဖနိဒါ
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လုံခြုံရေးယူထားသည့် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) အား သြဂုတ်လ ၃ ရက် ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း)
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လုံခြုံရေးယူထားသည့် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) အား သြဂုတ်လ ၃ ရက် ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း)

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ရှထူးဇွပ်ကျေးရွာထိပ်တွင် တပ်မတော်နှင့် KIA တို့အကြား ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာသဖြင့် ရွာသားများ လက်နက်ထိမှန်မည်ကို စိုးရိမ်သဖြင့် ဘုရားကျောင်းများအတွင်း ထွက်ပြေးခိုလှုံနေရသည်ဟု ဒေသခံများက ပြောသည်။

ညနေ ၆ နာရီဝန်းကျင်မှစတင်၍ တပ်မတော် တပ်ရင်း ၂၉၇ နှင့် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့များ ပူးပေါင်း အဖွဲ့နှင့် KIA တပ်မတော် ၂ လက်အောက်ခံ တပ်ရင်း ၁၄ ဒေသတွင် တိုက်ပွဲ ပြင်းထန်လာမည့် အခြေအနေရှိနေသဖြင့် ကက်သလစ်ဘုရားကျောင်းနှင့် KBC ဘုရားကျောင်းများတွင် ထွက်ပြေးလာကြခြင်း ဖြစ်သည်ဟု ရှထူးဇွပ်ကျေးရွာမှ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ ဆရာထွယ်အောင်က ပြောသည်။

“၆ နာရီကျော်လောက်ကနေ ရှထူးဇွပ်ရွာထိပ်မှာ သေနတ်သံတွေ အရမ်းမြည်လာလို့ ရွာသားတွေ ကြောက်လို့ ထွက်ပြေးလာကြတယ်။ ရွာလယ်မှာရှိတဲ့အဖွဲ့(တပ်မတော်)က လက်နက်ကြီးတွေ   ပြန်ပစ်လိုက်လို့ ရွာသားတွေ အပြင်တောင် မထွက်ရဲတော့ဘူး။ တချို့က ရောက်မလာသေးဘူး”ဟု သူက ပြောသည်။

နှစ်ခြင်းဘုရားကျောင်းတွင် အိမ်ထောင်စု ၅ စုခန့် ရောက်ရှိနေပြီ ဖြစ်ပြီး ကက်သလစ်ဘုရားကျောင်းတွင် အိမ်ထောင်စု ၃၀ လာရောက် ခိုလှုံနေပြီ ဖြစ်ကြောင်း သူက ပြောသည်။

ဟူးကောင်းဒေသအတွင်း တပ်မတော်ဘက်မှ စစ်အင်အား ၁၀၀၀ ခန့်ရှိသလို၊ ရှထူးဇွပ်ကျေးရွာအနီးတွင်လည်း ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့များလည်း လှုပ်ရှားနေသဖြင့် တိုက်ပွဲများ ပြင်းထန်လာမည့် အနေခြေအနေတွင် ရှိနေသည်ဟု ဆက်လက်၍ သူက ပြောသည်။

ယခုရက်ပိုင်းတွင် KIA တပ်ရင်း ၁၄ ဒေသ ရှထူးဇွပ်ကျေးရွာအနီး တစ်နေရာ၊ တနိုင်းမြို့နယ် တပ်ရင်း ၁၄ ဒေသ တိန်းကောက်တွင် တစ်နေရာနှင့် ဆွမ်ပရာဘွမ်မြို့နယ်ရှိ တပ်မတော် ၁ လက်အောက်ခံ တပ်ရင်း ၇ ဒေသတွင် တစ်နေရာ စုစုပေါင်း  ၃ နေရာတွင် တပ်မတော်နှင့် KIAတို့အကြားတိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု KIO မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

 “မနေ့က တိန်းကောက်နားမှာ တိုက်ပွဲတွေ ဖြစ်တယ်။ ဒီနေ့ကတော့ ရှထူးဇွပ်ဆိုတဲ့ရွာမှာ တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်။ အတည်ပြုနို်င်တဲ့ သတင်းက ခုထိ မရသေးဘူး။ နံပါတ် ၃ နေရာကတော့ ကေအိုင်အေ တပ်မတော် ၁ နယ်မြေဖြစ်တဲ့ တပ်ရင်း ၇ နယ်မြေမှာပေါ့။ အရင်က ဆွမ်ပရာဘွမ်ရဲ့ အရှေ့ဘက်မှာ မလိယန်ရွာနားမှာ တပ်မတော်ဘက်ကနေ မလိခအရှေ့ဘက်မှ ရှိတဲ့ စစ်ရှောင် စခန်းတွေကို လက်နက်ကြီးနဲ့ ပစ်တယ်လို့ သတင်းတွေ ထွက်ပါတယ်။ စစ်ရှောင်တွေက တဆင့်ပြန် ထွက်ပြေးနေရတယ် ပြောတယ်။ ဒါပေမဲ့ တိကျတဲ့သတင်းက ကျွန်တော်တို့အဖွဲ့ဆီ မရောက်လာသေးဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်ကလည်း ရှထူးဇွပ်ကျေးရွာထဲထိ လက်နက်ကြီးများ ကျရောက်ခဲ့သဖြင့် ရွာသားများ ကြောက်လန့်၍ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ 

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...