၂၁ရာစု ပင်လုံညီလာခံကို ဖေဖော်ဝါရီလအတွင်း ကျင်းပရန်ရွှေ့ဆိုင်း

၂၁ရာစု ပင်လုံညီလာခံကို ဖေဖော်ဝါရီလအတွင်း ကျင်းပရန်ရွှေ့ဆိုင်း
by -
စိုးသူအောင်

တတိယအကြိမ် ၂၁ ပင်လုံညီလာခံကို ဇန်နဝါရီနောက်ဆုံးပတ်အတွင်းကျင်းပရန်လျာထားသော်လည်း ကျင်းပရန် အဆင်မပြေသေးသည့်အတွက် ဖေဖော်ဝါရီလအတွင်း ကျင်းပရန်ရွှေ့ဆိုင်းထားကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးကပြောသည်။

“ ဇန်နဝါရီနောက်ဆုံးပတ်မှာလုပ်ဖို့ချိန်ထားပါတယ်။ အခု လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေလည်း ထိုးမယ့်အစီအစဉ်လေးတွေဖြစ်လာအောင် စောင့်ဆိုင်းရင်းနဲ့ ရက်က ဒီဘက်ကို နီးလာတဲ့အတွက်ကို ၂၁ ရာစုပင်လုံကနောက်လ ရောက်သွားလိမ့်မယ်။  အားလုံးပေါ့ ညှိနှိုင်းနေတယ်။ အခုလက်ရှိ RCSS ကလည်းလုပ်နေတယ်လေ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ။ အဲ့ဒီကတက်လာတဲ့အချက်တွေရယ် ပြီးခဲ့တဲ့ ပင်လုံကကျန်ခဲ့တဲ့အချက်တွေရယ် ပေါင်းပြီး ညီလာခံမှာ ဆွေးနွေးကြရမှာ “ ဟု၄င်းကပြောသည်။

၂၁ ပင်လုံကျင်းပမည့်ရက်ကို ဇန်နဝါရီလအတွင်းပြုလုပ်ရန်အစိုးရမှစီစဉ်ထားခဲ့သော်လည်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အချို့မှ   ရွှေ့ဆိုင်းပေးရန်   တောင်းဆိုခဲ့ကြသည်။

ထို့အပြင် ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းရခြင်းမှာ ရှမ်းပြည်နယ် လင်းခေးတွင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲမပြု လုပ်ရ သေးသည့်အကြောင်းအရာများလည်းပါဝင်နေသည်ဟု ဦးအောင်စိုးကဆိုသည်။

သို့သော်လည်း ညီလာခံကျင်းပမည့်ရက်ကို နိုင်ငံတော်ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးနေဆဲဖြစ်သောကြောင့် မည်သည့်ရက်တွင် ပြုလုပ်မည်ကိုမှုပြော၍ မရသေးကြောင်း ၄င်းကဆက်လက်ပြောသည်။

၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးကို ခြောက်လနှစ်ကြိမ်ကျင်းပရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူထား ခဲ့ခြင်းဖြစ်ပြီး သမ္မတဦးသိန်းစိန်လက်ထက်က ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင်ပြုလုပ်ခဲ့သည်။

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...