မြို့ပေါင်း ၁၅ မြို့ရှိသည့် ချင်းပြည်နယ်တွင် စည်ပင်ရွေးကောက်ပွဲကို ကျီခါး၊ တွန်းဇံ၊ တီးတိန်၊ ရိခေါဒါရ်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ ကန်ပက်လက်၊ ဆမီး၊ ပလက်ဝ၊ မင်းတပ်၊ မတူပီနှင့် ရေဇွာစသည့် မြို့ ၁၃ မြို့တွင် ကျင်းပမည်ဖြစ်ပြီး ခိုင်ကမ်း နှင့် လိုင်လင်းပီမြို့တို့မှာ စည်ပင်ဖွဲ့စည်းမှု မပီပြင်သေးသည့်အတွက်ကြောင့် နောင်သင့်တော်သည့်အချိန်ကျမှသာ ပြုလုပ်သွားမည်ဟု စက်တင်ဘာ ၁၀ ရက်နေ့က ကျင်းပသော ချင်းပြည်နယ် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ကြီးကြပ်ရေးအဖွဲ့အစည်းအဝေး ဆုံးဖြတ် ချက်အရ သိရသည်။
ချင်းပြည်နယ်၏ မြို့စည်ပင်သာယာရေးကော်မတီကို တစ်မြို့လျင် ရ ဦးစီဖြင့် ဖွဲ့စည်းမှာဖြစ်ပြီး ယင်းအနက် ၄ ဦးကို လူထုမှ တိုက်ရိုက် မဲပေးရွေးချယ်ကာ ကျန် ၃ ဦးမှာ ပြည်နယ်အစိုးရမှ တိုက်ရိုက်ခန့်အပ်မည်ဖြစ်သည်။ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌအဖြစ် လူထုမှရွေးချယ်သော ကိုယ်စားလှယ် ၄ ဦးထဲမှ တစ်ဦးဦးကို ကော်မတီဝင် ရ ဦးမှ လျှိူ့ဝက်မဲဖြင့် ပြန်လည်ရွေးချယ်ကြမည်ဟုသိရသည်။
ရွေးကောက်ပွဲအတွက် သက်ဆိုုင်ရာမြို့နယ်အလိုက် မဲဆန္ဒနယ် ၄ နယ်ပိုုင်းခြားသတ်မှတ်မည်ဖြစ်ပြီး စည်ပင် ကော်မတီဝင် အဖြစ် ရွေးချယ်တင်မြှောက်ခံလိုုသူများအနေဖြင့် သက်ဆိုုင်ရာ မြို့နယ်/မြို့ စည်ပင်သာယာရေး ရွေးကောက်ပွဲ ကြီးကြပ် ရေးအဖွဲ့ခွဲထံ လျှောက်လွှာပုံုစံ တောင်းယူပြီး အာမခံငွေကျပ် ငါးသောင်း (၅၀၀၀၀)ဖြင့် စက်တင်ဘာလ ၂၃ ရက်နေ့ နောက်ဆုံုးထားတင်သွင်းရမည် ဖြစ်သည်။
စည်ပင်ရွေးကောက် ပွဲကို အရပ်ဖက်လူမှုအဖွဲ့အစည်း ၄ ခုဖြစ်သည့် အေးချမ်းမြန်မာအင်စတီကျူ့၊ နယူူးမြန်မာဖောင်ဒေး ရှင်း၊ ပျိူးပင်နှင့် Hornbill Organization စသည်တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုသိရသည်။







