မြောက်ဦးတွင် ရဲပစ်ခတ်၍ သေဆုံးသွားသူ ရ ဦးကို မင်းသာကျွန်းတွင် သဂြိင်္ုလ်

မြောက်ဦးတွင် ရဲပစ်ခတ်၍ သေဆုံးသွားသူ ရ ဦးကို မင်းသာကျွန်းတွင် သဂြိင်္ုလ်
by -
နောင်ခိုင်အောင်

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရဲပစ်ခတ်၍ သေဆုံးသွားသူ ၇ ဦးအား ယနေ့တွင် မင်းသားကျွန်းသုဿန်တွင် ဂူသွင်းသဂြိုင်္လ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျနော်တိုု့မှာက မီးသင်္ဂြိုလ်စက်လည်းရှိပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တစ်စုံတစ်ခုအရေးပေါ်လာရင် စစ်ဆေးလိုရအောင်ဆိုပြီးတော့ ဂူသွင်းသင်္ဂြိုလ်တာပါ။ ဆွေမျိုး အသိုင်းအဝိုင်း တွေဘက်က ကျေနပ်မှုရှိရှိဖြစ်အောင်လည်း လုပ်ပေးလိုက်ပါတယ်” ဟု မြောက်ဦး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမောင်သန်းက ပြောသည်။

သေဆုံးသူ ၇ ဦး၏ အသုဘကို နံနက် ၁၀ နာရီကတည်းက တစ်ဦးပြီး တစ်ဦး ဂူသွင်းသဂြိင်္ုလ်ရာ နေ့လယ် ၁ နာရီကျော်တွင် ပြီးဆုံးကြောင်း၊ အသုဘချရာသို့ လူပေါင်းသောင်းနှင့်ချီပြီး လာရောက် ဂါရဝပြုခဲ့ကြကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ကိုမောင်ဝင်းချေက ပြောသည်။

“ကျွန်တော်တို့ အသုဘကို လာတဲ့သူ နည်းအောင် တစ်ပြိုင်တည်း ဂူမသွင်းဘဲ တစ်ယောက်ပြီး တစ်ယောက် ဂူသွင်း အခါမှ လာတဲ့ လူက နည်းနည်းနှောနှော မဟုတ်ဘူး။ သောင်းအထက် သိန်းနဲ့ ချီပြီးရှိမယ်လို့ ထင်ပါတယ်။ ရှစ်သောင်းဘုရားပွဲထက်တောင် လူရောက်ပါတယ်” ဟု ဦးမောင်ဝင်းချေက ပြောသည်။

၎င်းတို့ ၇ ဦးသည် ပိတ်ပင်လိုက်ခြင်းခံရသော ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးနေ့ အခမ်းအနား ပြန်လည် ကျင်းပ ပြုခွင့်ပေးရန် ဇန်နဝါရီ ၁၆ ရက်နေ့ ညက ခရိုင်ရဲတပ်ဖွဲ့ရုံးတွင် တောင်းဆိုဆန္ဒပြရာမှ ရဲမှ သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးရသူများ ဖြစ်ကြသည်။

ယခု သဂြိင်္ုလ်သည့် မင်းသားကျွန်းသုဿန် နေရာသည် မြောက်ဦးမြို့ နာရေးကူညီမှု အသင်းရုံး၏အနောက်ဘက််တွင် တည်ရှိသည်ဟု သိရသည်.

အဆိုပါပစ်ခတ်မှုကြောင့် အမျိုးသား ၇ ဦးသေဆုံးပြီး အမျိုးသား ၁၂ ဦးအထိ ဒဏ်ရာရှိခြင်းဖြစ်ပြီး သေဆုံးသူများမှာ ကိုညီညီကျော်(ခ)ညီပု(၃၁)နှစ် အောင်တပ်ရပ်ကွက်၊ မောင်သန်းမောင်(၁၈)နှစ် မြက်ရိပ်ကျွန်းကျေးရွာအုပ်စု၊ မောင်နိုင်ဆန်းခေ ျ(၂၁)နှစ် မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်၊ မောင်ကျော်နိုင်ဝင်း(၂၃)မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်၊ မောင်ကျော်သိန်းစိုး(၂၃)နှစ် မြောက်ဦးမြို့တောင်ရပ်ရပ်ကွက်၊ မောင်မင်းကျော်သန်း(၁၆)နှစ် မြောက်ဦးမြို့၊တောင်ရပ်ရပ်ကွက်နှင့် ဦးအောင်နေလင်း(၃၆)နှစ် မြောက်ဦးမြို့ လော်ကမူရပ်ကွက်တို့ဖြစ်ကြောင်း သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...