ကယန်​းအမျိုးသားပါတီ ဥက္ကဋ္ဌအပါအဝင် ၃ ဦးကိုထပ်မံအမှုဖွင့်

ကယန်​းအမျိုးသားပါတီ ဥက္ကဋ္ဌအပါအဝင် ၃ ဦးကိုထပ်မံအမှုဖွင့်
by -
စိုးသူအောင်
 Kayan New Generation Youth - KNGY
Kayan New Generation Youth - KNGY

ကယန်​းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်​းဘီထူးအပါအဝင် ကရင်နီပြည်သူ ၃ ဦးကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၉ ဖြင့် လွိုင်ကော်မြို့မရဲစခန်းမှူးမှ တရားလိုလုပ်ကာ ထပ်မံအမှုဖွင့်ထားကြောင်း ၄င်းတို့နှင့် နီးစပ်သူတစ်ဦးဖြစ်သည့် ကယားပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့ LAIN နည်းပညာအထောက်အကူပြု အဖွဲ့ ဒါရိုက်တာ ကိုကျော်ထင်အောင် ကပြောသည်။

“ ၅ ရက်နေ့မှာ ကိုရဲမင်းကျော်ပါ ၅ ဦးကို တရားရုံးလိုက်ပို့ရင်းနဲ့ ပြည်နယ်အစိုးရရုံးရှေ့မှာ ဟောပြောမှုပေါ့နော်။ အဲ့ဒီမှာ ကြိုတင်အကြောင်းကြား ထားခြင်းမရှိတဲ့အတွက်  ငြိမ်း၊ စု၊ စီ ပုဒ်မ ၁၉ နဲ့တရားစွဲပါတယ်ဆိုပြီး မနေ့ ညနေခင်းကအကြောင်းကြားထားပြီးတော့ မနက်ဖြန် ၁၉ ရက်နေ့ကိုတော့ လွိုင်ကော်မြို့နယ်တရားရုံးကို ရုံးချိန်းလာဖို့ဆိုပြီး ပြောဆိုထားတယ်လို့သိရပါတယ် “  ဟု ၄င်းကပြောသည်။

အမှုဖွင့်ခံရသူ ၃ဦးမှာ ကယန်​းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်​းဘီထူး၊ ကယန်​းမျိုး ဆက်​သစ်​လူငယ်​ ဗဟို​ကော်​မတီဝင်​ ခွန်း​အသန်​းနှင်​့ ကရင်​နီပြည်​ ​တောင်​သူ လယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်​တို့ဖြစ်ကြသည်။

​၄င်းတို့သည် အငြင်းပွားဖွယ်KNPP ရဲ​ဘော်​ (၃) ဦးနှင်​့ အရပ်​သား (၁) ​ဦး ​သေဆုံးမှု အ​ပေါ် ဆန္ဒထုတ်​​ဖော်​​တောင်​းဆိုခဲ့သည်​့ လူငယ်​ (၅) ဦး ကိစ္စနှင့်ပက်သက်ပြီး ဇန်​နဝါရီလ ( ၅ ) ရက်​​နေ့ လွိုင်​​ကော်​မြို့နယ်​ တရားရုံးသို့ ကရင်​နီပြည်​သူ (၁၀၀၀) ဝန်​းကျင်​ခန်​့က ဝန်​းရံပေးရန် ဦးဆောင်ခဲ့သူများလည်း ဖြစ်သည်။

အဆိုပါ ကန့်ကွက်ရှုံ့ချ ဆန္ဒထုတ်ဖေါ်ခဲ့သူ ၅ ဦးကို ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ငွေဒဏ်သုံးသောင်းစီ လွိုင်ကော်မြို့နယ်တရားရုံးက ချမှတ်လိုက်ပြီး ငွေဒဏ်မဆောင်သည့်အတွက် ထောင်ဒဏ် ရက် ၂၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလူငယ် ၅ ဦးသည် ဇန်နဝါရီ ၂၅ ရက်နေ့တွင် လွှတ်ဖွယ်ရှိနေပြီး ယခု၄င်းတို့ကို ဝန်းရံခဲ့ကြသည့် သူ၃ ဦး ထပ်မံအမှုဖွင့်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

အဆိုပါ ပုဒ်မ ၁၉ သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက  ၃ လထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ၃ သောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သောပြစ်မှုလည်းဖြစ်သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...