ဒေါက်တာအေးမောင်ကို ပုဒ်မ ၃ ခုဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တရားစွဲထားဟုဆို

ဒေါက်တာအေးမောင်ကို ပုဒ်မ ၃ ခုဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တရားစွဲထားဟုဆို

ယနေ့ နေအိမ်မှ ဖမ်းဆီးခံထားရသူ ဒေါက်တာအေးမောင်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပုဒ်မ သုံးခုဖြင့် တရားစွဲထားကြောင်း သိရသည်။

၎င်းပုဒ်မများမှာ မတရားအသင်း ဆက်သွယ်မှုနှင့် ဆက်စပ်သည့် ပုဒ်မ ၁၇(၁) (၂)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၁ (ခ) (ဂ) အစရှိသည့် ပုဒ်မများဖြစ်ကြောင်း သိရသည်။

ဦးကျော်ဇော်ဦးအား ဆက်သွယ်မေးမြန်းရာ သူက ပုဒ်မ သုံးခုဖြင့် တရားစွဲဆိုထားသည်ဟု ကြားရသိရကြောင်း၊ ယခု စစ်တွေထောင်သို့ ဒေါက်တာ အေးမောင်ကို ပို့ဆောင်လိုက်သည်ဟု သိရကြောင်း ပြောဆိုသည်။

ဒေါက်တာအေးမောင်အား သူ၏ နေအိမ်မှ ယနေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ရဲအစောင့်အရှောက်များဖြင့် သူ၏ နေအိမ်မှ ခေါ်ယူသွားခဲ့သည်။

၎င်းနောက် ဒေါက်တာအေးမောင်အား စစ်တွေမြို့မှ ရဲစခန်းသို့ ခေါ်ယူသွားခဲ့ပြီး ၎င်းမှ တစ်ဆင့် တရားရုံး၊ ယင်းမှတစ်ဆင့် စစ်တွေထောင်သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ဒေါက်တာအေးမောင်သည် ၂၃၃ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးနေ့ အခမ်းအနားနှင့် ပတ်သက်ပြီး ရသေ့တောင်တွင် ပြုလုပ်သည့် စာပေဟောပြောပွဲတွင် တက်ရောက်ဟောပြောရာ၌ နိုင်ငံတော်ကို အကြည်အညိုပျက်စေမှုနှင့် ရခိုင်လူငယ်စာရေးဆရာ ဝေဟင်အောင်အား ဖမ်းဆီးခံရပြီးနောက် နောက် ၂ ရက်အကြာတွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...