“လလည်းကွယ် ပြည်လည်းဆုံး” အခမ်းအနားတားမြစ်ခံရ

“လလည်းကွယ် ပြည်လည်းဆုံး” အခမ်းအနားတားမြစ်ခံရ
by -
နောင်ခိုင်အောင်

၂၃၃ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးရခြင်း အထိမ်းအမှတ်အဖြစ် “ လလည်းကွယ် ပြည်လည်းဆုံး” ခေါင်းစည်ဖြင့် ဇန်နဝါရီ ၁၆ ရက်နေ့က မြောက်ဦးတွင် ကျင်းပသည့် အခမ်းအနားကို သက်ဆိုင်ရာ အာဏာပိုင်များက ကျင်းပခွင့် မပြုဘဲ ဟန့်တားလိုက်သည်ဟု အခမ်းအနားကို ဦးဆောင်ကျင်းပရာတွင် ပါဝင်သူ ဦးကျော်သိန်းထွန်းက ပြောသည်။

“ ရဲက လာတားတာပါ။ ငြိမ်စုစီ ဥပဒေအရ လာတားတာပါ။ ခွင့်ပြုချက်မရှိတဲ့ အတွက် မကျင်းပရဘူးပေါ့။ မြို့နယ် ထွေအုပ်က ထုတ်တဲ့စာပါလာပါတယ်။ အခု ခွင့်ပြုချက်တင်မယ်ဆိုရင်လည်း အချိန်က မရှိတော့ဘူး” ဟု သူက ပြောသည်။

ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အချာအာဏာကျဆုံးနေ့ ဝမ်းနည်းအထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ် ပြာသို လကွယ်နေ့တွင် ၂၀၁၄ ခုနှစ်မှ စတင်၍ ပြုလုပ်ကျင်းပခဲ့ခြင်း၊ ယခုနှစ်တွင်မှ တားမြစ်ခံရခြင်းဖြစ်ကြောင်း၊ တားမြစ်သည့် အကြောင်းအရင်းကို မသိရသေးကြောင်း သူက ပြောကြားသည်။

“ မနက်ကလည်း ပွဲကို စတင်ကျင်းပခဲ့တယ်။ နေ့လယ်ပိုင်းရောက်မှ ရဲက လာတားတာ ဖြစ်ပါတယ်။ ညပွဲမှာ ပြဇာတ်တွေ ဘာတွေကပြမယ်ဆိုတော့ ဒါကို တားလိုတာများလားတော့ မသိပါဘူး” ဟု ပြောကြားသည်။

ထိုသို့ ဟန့်တားပြီးနောက် ရဟန်းသံဃာတော်များ၊ ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူများမှ အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ပြီး ညနေပွဲ အစီအစဉ်များကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ညနေပွဲ အစီအစဉ်များကို ရုပ်သိမ်းကြောင်း ဆရာတော်တစ်ပါးမှ အသံချဲ့စက်မှ ကြေညာရာတွင် အာဏာပိုင်များမှ တားမြစ်လာသဖြင့် ပြသနာ မကြီးထွားစေရန် အလို့ငှာ ညနေပိုင်းတွင် ကျင်းပရန် ရှိသည့် နန်းတော်ရာကုန်း မီးထွန်းပွဲနှင့် စာပေဟောပြောပွဲကို ရုပ်သိမ်းကြောင်း ကြေညာသွားခဲ့သည်။

ယမန်နေ့ ညနေပိုင်းတွင် ကျင်းပ ပြုလုပ်မည့် စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်ပါဝင် ဟောပြောရန် စီစဉ်ထားခဲ့သည်ဟု သိရသည်။

မြောက်ဦးရဲသို့ ဆက်သွယ်ရာ တာဝန်ရှိသူ တစ်ဦးက အထက်က တားခိုင်းသဖြင့် တားမြစ်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...