မြောက်ဦးပဋိပက္ခဖြစ်စဉ် အစိုးရမှ သတင်းထုတ်ပြန်ခြင်းမရှိသေး

မြောက်ဦးပဋိပက္ခဖြစ်စဉ် အစိုးရမှ သတင်းထုတ်ပြန်ခြင်းမရှိသေး
by -
ဇေယျာမော်
photo by Myat Thu Tin/Facebook
photo by Myat Thu Tin/Facebook

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့၌ ဇန်နဝါရီ ၁၆ ရက်နေ့ ညပိုင်းက လုံခြုံရေးရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိ သတင်းရေးသားနေသည့် ညနေပိုင်းအချိန်အထိ အစိုးရဘက်မှ သတင်းထုတ်ပြန်ထားခြင်းမရှိပေ။

အစိုးရဘက်မှ သတင်းထုတ်ပြန်မှုနှေးနေခြင်းသည် ကောလဟလများ ပိုမိုပျံ့နှံ့စေနိုင်သည့် အခြေအနေဖြစ်ပေါ်စေရန် ဖန်တီးပေးသလိုဖြစ်နေသည်ဟု မြန်မာသတင်းပညာသိပ္ပံမှ သင်တန်းညွှန်ကြားရေးမှူး ဦးစိန်ဝင်းက ပြောသည်။

"အစိုးရက သတင်းထုတ်ပြန်မှုနှေးတာ မကောင်းဘူး။ ကောလဟလတွေ ကြီးစိုးပြီး လိုရာပြောသူတွေအတွက် အခွင့်အရေးပေးလိုက်သလိုဖြစ်မယ်။ အခွင့်အရေးသမားတွေအတွက်   ဖြစ်သွားလိမ့်မယ်။ ဖြေရှင်းမှုတွေ လုပ်ကိုလုပ်ရမှာဖြစ်တယ်။ တုံ့ဆိုင်းတာက အကျိုးယုတ်စေပါလိမ့်မယ်" ဟု ၄င်းကဆိုသည်။

သေဆုံးသူအရေအတွက်နှင့်ပတ်သက်ပြီး သတင်းများအမျိုးမျိုးထွက်ပေါ်နေသော်လည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက ခုနှစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ဆယ့်နှစ်ဦးရှိသည်ဟု မဇ္စျိမကို နံနက် ၁၁ နာရီခန့်က အတည်ပြု ပြောဆို ထားသည်။

"အခုချိန်ထိ သေဆုံးသူ ၇ ဦးပါခင်ဗျာ။ ဒဏ်ရာရသူ ၁၂ ဦးပါခင်ဗျာ။ သေဆုံးသူတွေနဲ့ ပတ်သက်ပြီး ခုချိန်ထိ ကျွန်တော်တို့ နာမည်တွေ၊ ဘာတွေမရသေးဘူး။ ဘယ်ရွာကလည်း၊ ဘာလဲမသိသေးဘူး" ဟု ရဲမှူးကြီး အောင်မြတ်မိုးက နံနက် ၁၁ နာရီခန့်က အတည်ပြုပြောဆိုသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ကျင်းပရန် စီစဉ်ထားသည့် ရခိုင့်ဘုရင် အချုပ်အခြာ အာဏာကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို သက်ဆိုင်ရာက တားမြစ်လိုက်သည့်နောက် အခမ်းအနား ကျင်းပရန် စီစဉ်ထားသည့် နန်းတော်ကုန်း ထက်တွင် လူထုအုံကြွမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...