ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ကွယ်လွန်ခြင်းသည် တိုင်းလွှတ်တော်အတွက် ကြီးမားသော ဆုံးရှုံးမှုဟု ဆို

ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ကွယ်လွန်ခြင်းသည် တိုင်းလွှတ်တော်အတွက် ကြီးမားသော ဆုံးရှုံးမှုဟု ဆို

ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းကျော်ဇော ကွယ်လွန်သွားခြင်းသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တိုင်းဒေသကြီးလွှတ်တော်အတွက် ကြီးမားသော ဆုံးရှုံးတစ်ခုဖြစ်သည်ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကပြောသည်။

"တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် အားကိုးအားထားရတဲ့ ဝန်ကြီးတစ်ဦးပါ။ လူမှုရေး၊သာသနာရေး၊အားကစား ကိစ္စတွေမှာ အများကြီး လုပ်ဆောင်ပေးခဲ့ပါတယ်။ ဝန်ကြီးချုပ်အတွက် လက်မောင်းတစ်ဖက် ပြုတ်သလို ကျွန်တော်တို့အတွက်လည်း လက်မောင်းတစ်ဖက်ပြုတ်တာပါပဲ။ အစိုးရအတွက်ရော ကျွန်တော်တို့လွှတ်တော်အတွက်ပါ ဆုံးရှုံးမှုကြီးတစ်ခုပါ။"ဟု ဦးအောင်ကျော်ဦးကပြောသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဝန်ကြီး ဦးမျိုးသစ်က"ဦးစိုင်းကျော်ဇောကို ဆုံးရှုံးလိုက်ရတာဟာ အားကစားအတွက်တော့ အားနည်းသွားတာပေါ့။ သူကိုယ်တိုင်ကလည်း ဝိတ်မ မြန်မာ့လက်ရွေးစင် အားကစားသမားဖြစ်ဘူးတော့ အားကစားဘက်မှာ သူကအတော်သိတယ်။ကျွန်တော်တို့ဆို မသိဘူး။ပြီးတော့ သာသနာရေးလုပ်ငန်းတွေလုပ်တယ်။ အခုဖြစ်တာ စိတ်မကောင်းဖြစ်ရတယ်။"ဟုပြောသည်။

ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇော အသက်(၆၈)နှစ်သည် ယနေ့ ဇန်နဝါရီလ ၁၆ ရက်၊နံနက် ၁၂ နာရီ၊၂၅မိနစ်တွင် မန္တလေးမြို့အထွေထွေကုဆေးရုံကြီး၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ယနေ့ မွန်းလွဲ ၃ နာရီတွင် မန္တလေးမြို့ ရှမ်းတိုင်းရင်းသား သာရေး၊နာရေးအသင်းမှ တောင်အင်း၊မြောက်အင်းသုဿန်သို့ ပို့ဆောင်သဂြိုလ်သွားမည်ဖြစ်ေကြာင်း သိရသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...