ဖေ့စ်ဘုတ်တွင် ဖော်ပြသည့် ရခိုင်ဝန်ကြီးချုပ်နှုတ်ထွက်သည့်စာမှာ လုံးဝလွဲမှားကြောင်း ဝန်ကြီးချုပ်ဆို

ဖေ့စ်ဘုတ်တွင် ဖော်ပြသည့် ရခိုင်ဝန်ကြီးချုပ်နှုတ်ထွက်သည့်စာမှာ လုံးဝလွဲမှားကြောင်း ဝန်ကြီးချုပ်ဆို

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နုတ်ထွက်သွားကြောင်း ဖေ့စ်ဘုတ် စာမျက်နာပေါ်များတွင် ရေးသားဖော်ပြခြင်းမှာ လုံးဝ လွဲမှားမှု ဖြစ်ပြီး လူများကို သောလောသောလော ဖြစ်စေသဖြင့် အကျိုးမရှိကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုသည်။

ဇန်နဝါရီ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ပြည်နယ် ဝန်ကြီးချုပ်နှင့် သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများ၊ သတင်းသမားများတွေ့ဆုံစဉ် အချိန်အတွင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။

“ မနေ့က ကျွန်တော်နဲ့ ပတ်သက်ပြီး ရေးသားဖော်ပြတာက လုံးဝ လွဲမှားမူဖြစ်ပါတယ်။ လွဲမှားတဲ့ အခါကျတော့ လူတွေကလည်းဘဲ သောလော သောလော ဖြစ်တာပေါ့။ အဲလို ဖြစ်တကာကိုက သိပ်မကောင်းပါဘူး” ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုသည်။

၎င်းပြင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ညီပုမှ ဖေ့စ်ဘုတ်ကို အကျိုးရှိရှိ အသိပြုနိုင်ရန် သတင်းမီဒီယာသမားများအနေဖြင့် ၀ိုင်းဝန်းကြိုးစားဆောင်ရွက်စေလိုသည်ဟု ပြောဆိုသည်။

“ ဖေ့စ်ဘုတ်ပေါ်မှာ တက်လာတဲ့ သတင်းအချက်အလက်တွေ စာသားတွေဟာ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ် ကျွန်တော်ထင်ပါတယ်။ ဒီဟာ အကောင်းနဲ့ အဆိုးပေါ့။ အကောင်းဘက်ကို များများဖြစ်နိုင်အောင်ကြိုးစားရမယ်။ ကျွန်တော်တို့ ၀ိုင်းဝန်းပြီးဆောင်ရွက်ရန် အကျိုးရှိမယ်ထင်ပါတယ်။ အဆင့်မြင့်မြင့် အရည်အသွေးကောင်းကောင်းနဲ့ တကယ်အကျိုးရှိ ဖြစ်စေချင်ပါတယ်” ဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြောဆိုသည်။

သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များ၊ သတင်းသမားများနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်မှ သတင်းသမားများ၏ မေးမြန်းချက်များကို တစ်ခုချင်းစီ ဖြေကြားသွားပြီး ထိုအထဲတွင် ဘင်္ဂလာဒေ့ရှ်မှ ပြန်ဝင်လာသူများအား လက်ခံရေး ကိစ္စ၊ မောင်တော ဒေသ ဖွံ့ဖြိုးရေးကိစ္စ၊ နယ်စပ် ဒေသလုံခြုံရေး ကိစ္စ၊ ရခိုင်နှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များ ပြန်လည် နေရာချထားရေး ကိစ္စရပ်များ ပါဝင်သည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...