KWEG မှ ဦးဆောင်ပြီး မြို့နယ် ၃ မြို့နယ်ပါဝင်သည့် ကောက်စိုက်ပြိုင်ပွဲ ကျင်းပပြုလုပ်

KWEG မှ ဦးဆောင်ပြီး မြို့နယ် ၃ မြို့နယ်ပါဝင်သည့် ကောက်စိုက်ပြိုင်ပွဲ ကျင်းပပြုလုပ်
by -
နန်းဝေဖြိုးဇာ

ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး - KWEG ၏ ဦးဆောင်စီစဉ်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၃ မြို့ နယ်မှ လယ်လုပ်သူအမျိုးသမီးများပါဝင်သည့် ကောက်စိုက်ပြိုင်ပွဲတစ်ခုကို ဇန်နဝါရီလ ၉ ရက်နေ့က ဖားအံမြို့နယ် ဆင်ကျုံးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ကောက်စိုက်ပြိုင်ပွဲကို လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြသည့် အမျိုးသမီးခေါင်ဆောင်များအတွက် နည်းစနစ်တ ကျ စပါးစိုက်ပျိုးနည်း ကျွမ်းကျင်တတ်မြောက်စေရန်နှင့် ရင်းနှီးမှုရရှိစေရန်ရည်ရွယ်ပြီး ကျင်းပခြင်း ဖြစ်ကြောင်း KWEG၏ စျေးကွက်ဆိုင်ရာ အခွင့်အလမ်းများ တိုးတက်ရရှိရေး စီမံချက်၊ စီမံကိန်းတာဝန်ခံ နန့်ခိုင်သန္တာဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက“ မြို့နယ်မတူတဲ့ အမျိုးသမီးတွေက တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်မှုရင်းနှီးမှုရှိဖို့ ကောက်စိုက်ပြိုင်ပွဲ လုပ်ပေး တာဖြစ်တယ်။ လယ်သမားတွေက စိုက်ပျိုးရေးဌာနနဲ့လည်း ရင်းနှီးသွားအောင် ပေးဆုံတယ်။ အခုချိန်က နည်းပ ညာတိုး တက်လာပြီးဆိုတော့ လယ်သမားတွေအတွက် စပါးအထွက်နှုန်းကောင်းဖို့ ပညာရှင်တွေခေါ်ပြီး အမျိုးသမီးလယ် သမား တွေကို အဓိကမြှင့် တင်ပေးတာဖြစ်တယ်״ ဟု ပြောသည်။

 ကောက်စိုက်ပြိုင်ပွဲတွင် ဖားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် လှိှုင်း ဘွဲမြို့နယ်အတွင်းရှိ အမျိုးသမီးလယ်သမား ခေါင်းဆောင် ၃၀ ဦးမှ အဖွဲ့ခွဲကာ ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲမှာ မြို့နယ် ၃ မြို့နယ်စုပေါင်းပါဝင်မှုဖြင့် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် ကျေးရွာနေလူထုများအတွက် နည်းစနစ်ကျစွာ စိုက်ပျိုးတတ်ရန်၂၀၁၇ ခုနှစ် ဇူလိုင်လမှစတင်၍ KWEG မှ ဖားအံ၊ ကော့ကရိတ်နှင့် လှိှုင်းဘွဲမြို့နယ်ရှိ ကျေးရွာ ၄ ရွာတွင် စမ်းသပ်စပါးစိုက်ကွက် ဖော်ဆောင်ပေးမှုများရှိသလို လိုအပ်သည့် နည်းပညာအကူအညီများအတွက် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ ပူးပေါင်းလုပ်ဆောင်ပေးမှုများလည်း ရှိသည်ဟု KWEG က ဆိုသည်။

ကရင်ပြည်နယ်အတွင်း  ကျေးလက်နေထိုင်သည့် တောင်သူလယ်သမားများမှာ သမရိုးကျစိုက်ပျိုးနည်းဖြင့်သာ အများစုစိုက်ပျိုးနေကြဆဲဖြစ်ပြီး လယ်ပိုင်ရှင်များအနေဖြင့်အလုပ်သမားရှားပါးမှုပြဿနာအပြင် လယ်လုပ်ငန်း ထက် ဝင်ငွေပိုမိုရသည့် အခြားလုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်မှုများရှိလာသည့်အတွက် လယ်ယာလုပ် ငန်းတွင် တစ်ဖြည်းဖြည်း စိတ်ဝင်စားမှုနည်းလာနေကြောင်လည်း သိရသည်။

ဆင်ကျုံကျေးရွာမှ နန်းလှငွေက “ အခုက ရွာမှာစပါးစိုက်တာက ဘာနည်းပညာမှမရှိဘူး ။ ဒီလိုဘဲစိုက်တယ်။ အဲလောက်တော့ စပါးမကောင်းဘူး။ ပြီးတော့ တချို့တွေက စပါးစိုက်တာမကိုက်တော့ လယ်မလုပ်တော့ဘူး ။ ဒီနည်းပညာနဲ့က အခုမှ ရွာအတွက် ဦးဆောင်ပြီး စမ်းသပ်ကြည့်တာ သူများသင်ထားတဲ့နည်းပညာနဲ့ စိုက်တာ အောင်မြင်ရင်တော့ ကိုယ့်နောက်ကို လယ်သမားတွေက လိုက်စိုက်လာမှာပေါ့ ״ဟု ပြောသည်။

ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ -KWEG အနေဖြင့် ကရင်အမျိုးသမီးနှင့် ကလေးများအရေး ဆောင်ရွက်ပေးခြင်းနှင့် အမျိုးသမီးစွမ်းရည်မြှင့်တင်ခြင်းလည်း လုပ်ပေးသည့်အပြင် အမျိုးသမီးများအတွက် စျေးကွက်ဆိုင်ရာ အခွင့်အလမ်းရရှိစေရန် အသက်မွေးဝမ်းကျောင်း အတွက် ယခုလိုလုပ်ပေးခြင်းဖြစ်သည်ဟု သိရသည်။

 

April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...
Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...