ရခိုင်တွင် ကျောင်းသားများ တင်ဆောင်လာသည့် လှေနစ်မြုပ်၊ ၃ ဦးသေ

ရခိုင်တွင် ကျောင်းသားများ တင်ဆောင်လာသည့် လှေနစ်မြုပ်၊ ၃ ဦးသေ
ပိုးရွှီပြင် ကယ်ယ်ဆယ်ရေးအဖွဲ့
ပိုးရွှီပြင် ကယ်ယ်ဆယ်ရေးအဖွဲ့

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်းနှင့် အင်ဇုံပြင်ကျေးရွာကြားရှိ မြစ်ထဲတွင် ကျောင်းသားများကို တင်ဆောင်လာသည့် လှေနစ်မြုပ်ခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့ရသည်။

ဇန်နဝါရီလ ၉ ရက်နေ့က အင်ဇုံပြင်ကျေးရွာမှ ကျောင်းသား၊ ကျောင်းသူ ၆ ဦးကို တင်ဆောင်လာသည့် အဆိုပါ လှေမှာ ညနေ ၅ နာရီဝန်းကျင်အချိန်ခန့်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကာ ကျောင်းသူ ၂ ဦးနှင့် ထို လှေကို မောင်းနှင်သူ  ၁ ဦး  စုစုပေါင်း ၃ ဦးတို့မှာ သေဆုံးခဲ့ပြီး ကျန် ကျောင်းသားကျောင်းသူ ၄  ဦးမှာ အသက်ရှင် လွတ်မြောက်ခဲ့သည်ဟု ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချူပ်ရေးမှူး ဦးဝင်းဌေးက RiA သို့ ပြောသည်။

“ပျောက်နေတဲ့ အလောင်းတွေ ရပါပြီ။ မနေ့က ည ၆ နာခွဲလောက်ကရပြီ”ဟု ဦးဝင်းဌေးက ဆိုသည်။

လှေစတင်နစ်မြုပ်ပြီး မကြာမီမှာပင် အလောင်း ၂ လောင်းကို တွေ့ရှိခဲ့ပြီး ကျောင်းသူ တစ်ဦးမှာ ပျောက်ဆုံးနေရာ ထို ကျောင်းသူ၏ အလောင်းကို ည ၉ နာရီ ၃၀ မိနစ်အချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောင်းသားကျောင်းသူများကို တင်ဆောင်လာသည့် လှေမှာ ဆွေးမြေ့ဟောင်းနွမ်းနေပြီ ဖြစ်သလို ၊ အသက်ကယ်အကျင်္ ီများလည်း တပ်ဆင်ထားခဲ့ခြင်း မရှိဟု သိရသည်။

သေဆုံးသွားသည့် ၃ ဦးမှာ ကုတိုးသည် ဦးစောဖြူ၊ ဆဌမတန်းကျောင်းသူ မကျော့ဆန်းခင်နှင့် ပဥ္စမတန်းကျောင်းသူ မချိုဝင်းဦးတို့ဖြစ်သည်။

၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့ကလည်း လူ ၂၀ ခန့် ဆန့်သည် လှေတွင် ၃၅ ဦးထက် မနည်း တင်ဆောင်ခဲ့မှုကြောင့် ပုဏ္ဏားကျွန်းမြို့ ပီုးရွှီပြင်ကျေးရွာမှ ကျောင်းသားကျောင်းသူ ၇ ဦးမှာ   လှေနစ်မြုပ်၍ သေဆုံးခဲ့ရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုလို သေဆုံးမှုများနှင့် ပတ်သက်၍ မြစ်ချောင်းများကို ဖြတ်သန်းလျက် ပညာသင်ယူနေကြသည့် ကျောင်းသားကျောင်းသူများ စီးနင်းသော လှေများတွင် အသက်ကယ်အင်္ကျီများ အလုံအလောက် ထုတ်ပေးရန်နှင့် လူပိုမတင်ရန်၊ ပျက်စီးဟောင်းနွမ်းလှေများကို အသုံးမပြုရန် ညွှန်ကြားထားသော်လည်း ယခုလို သေဆုံးမှု ထပ်မံဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် မတ်လ ၁၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တွင် လူပေါင်း ၅၀၀ ထက်မနည်းကို တင်ဆောင်လာသည့် ရခိုင်ကမ်းရိုးတန်းပြေး အောင်တံခွန် အမှတ် (၃) သဘောင်္ာနစ်မြုပ်မှုကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ရသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...