ရခိုင်ပြည်နယ်အတွင်း ကျေးရွာ ၁၆၈၉ ရွာကို လျှပ်စစ်ဓာတ်အား ပေးနိုင်ခဲ့ဟု ဆို

ရခိုင်ပြည်နယ်အတွင်း ကျေးရွာ ၁၆၈၉ ရွာကို လျှပ်စစ်ဓာတ်အား ပေးနိုင်ခဲ့ဟု ဆို

ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက ကျေးရွာပေါင်း ၁၆၈၉ ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ခဲ့သည်ဟု ပြည်နယ်လျှပ်စစ်စွမ်းအား ဖြန့်ဖြူးရေးဌာနမှ သိရသည်။

အဆိုပါ ကျေးရွာပေါင်း ၁၆၈၉ တွင် ဒီဇယ်ဆီဖြင့် မီးပေးနိုင်ခဲ့သည့် ကျေးရွာ ၉၀၃ ရွာ၊ နေရောင်ခြည်ဖြင့် မီးပေးနိုင်ခဲ့သည့် ကျေးရွာ ၅၇၅ ရွာ၊ ဓာတ်အားစနစ်ဖြင့် မီးပေးခဲ့သည့် ကျေးရွာ ၁၈၄ ရွာ၊ စပါးခွံဖြင့် မီးပေးနိုင်ခဲ့သည့်ရွာ ၂၆ ရွာနှင့် ဇီဝပစ္စည်းဖြင့် မီးပေးနိုင်ခဲ့သည့်ရွာ ၁ ရွာတို့ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းဇယားများတွင် ဖော်ပြပါရှိသည်။

ရခိုင်ပြည်နယ်ရှိ ကျေးရွာများ မီးလင်းရေးဆောင်ရွက်ရာတွင် အခြားပြည်နယ်များနှင့်မတူဘဲ ပြည်နယ် ဘတ်ဂျတ်နှင့်သာ ဆောင်ရွက်ခြင်းမှာလည်း ကျေးရွာတိုင်း မီးလင်းရေးကို ကြန့်ကြာနှောင့်နှေးစေသည့် အကြောင်းအရင်းတစ်ခု အဖြစ်ပါဝင်နေကြောင်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကြီးဇေယျာက ပြောသည်။

“တစ်ခြားတိုင်းနဲ့ပြည်နယ်တွေမှာ ကြည့်လိုက်လေ။ ကျေးရွာမီးလင်းရေး ကိုယ့်ဟာကိုယ် ပိုက်ဆံလေးတွေ စုကြတယ်။ ပြီးရင် ထရန်စဖော်မာလုပ်တယ်။ လိုင်းတွေ တည်ဆောက်တယ်။ ကိုယ့်ဟာကိုယ် မီးလင်းအောင်ဆောင်ရွက်ကြတယ်။ ဒီမှာကကျ အဲလိုမဟုတ်ဘူး။ ပြည်နယ်အစိုးရကိုပဲ မူတည်လို့ ပြည်နယ်အစိုးရကလည်း မှီနိုင်သလောက်လေးနဲ့ သွားရတာကို။”ဟု ဆိုသည်။

သံတွဲခရိုင်တွင် ဂျိန္တလီ၊ စစ်တွေခရိုင်တွင် ရသေ့တောင်၊ ကျောက်ဖြူခရိုင်တွင် မာန်အောင်နှင့် မြောက်ဦးခရိုင်ရှိ မြို့များအားလုံးတွင် လျှပ်စစ်မီးရရှိရေး ကိစ္စရပ်များအား ဆောင်ရွက်ထားပြီးဖြစ်သလို မောင်တောခရိုင်တွင်လည်း ယခုနှစ်တွင် မီးပေးရန် စတင်အစီစဉ်ရေးဆွဲနေပြီးဖြစ်သည်ဟု သိရသည်။

NLD အစိုးရသစ်လက်ထက်၂၀၁၅ ခုနှစ်တွင် မအီ၊ ၂၀၁၆ ခုနှစ်တွင် မင်းပြား၊ ဂွ၊ မြေပုံ၊ ပေါက်တော၊ တပ်တောင်၊ ကမ်းထောင့်ကြီးတို့ရှိ ကျေးရွာများကို မီးလင်းအောင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကာ ကျန်မြို့များမှာ ရှေးအစိုးရ အဆက်ဆက်ကတည်းကပင် မီးလင်းရေးဆောင်ရွက်ထားခြင်းြဖစ်သည်ဟု ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာက ဆိုသည်။

ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် ကျေးရွာ စုစုပေါင်း ၃၇၆၂ ရှိပြီး လက်ရှိတွင် ၂၀၁၇ ခုနှစ်ကုန်အထိ ကျေးရွာပေါင်း ၁၆၈၉ ရွာကို မီးပေးခဲ့နိုင်ပြီဖြစ်ကာ ၂၀၇၃ ရွာမှာ လျှပ်စစ်မီးမရရှိသေးဘဲ ကျန်ရှိနေခြင်း ဖြစ်သည်။

March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...