ရခိုင်အမျိုးသားပါတီ၏ လက်ရှိကျင်းပပြုလုပ်နေသည့် အစည်းအဝေးတွင် ဒေါက်တာအေးမောင် နုတ်ထွက်ခွင့်တင်ထားခြင်းအပေါ် ဆွေးနွေးမည်ဟုဆို

ရခိုင်အမျိုးသားပါတီ၏ လက်ရှိကျင်းပပြုလုပ်နေသည့် အစည်းအဝေးတွင် ဒေါက်တာအေးမောင် နုတ်ထွက်ခွင့်တင်ထားခြင်းအပေါ် ဆွေးနွေးမည်ဟုဆို

ရခိုင်အမျိုးသားပါတီ (ANP) ၏ လက်ရှိ ကျင်းပနေသည့် အစည်းအဝေအတွင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နုတ်ထွက်စာတင်သွင်းထားခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ကျွန်တော်တို့ အစည်းအဝေးက ဇန်နဝါရီ ၄ ရက်နေ့ကနေ ၇ ရက်နေ့ထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးအတွင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် နုတ်ထွက်ခွင့်တင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ မြို့နယ်အဆင့် ကော်မတီဝင်တွေ၊ ဗဟိုကော်မတီဝင်တွေ ဆွေးနွေးမှုကနေ ရရှိလာတဲ့ ဆွေးနွေးချက်တွေကို ဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးက အသေအချာ သုံးသပ်ပြီး ဆုံးဖြတ်ချက် ချသွားမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

ဒေါက်တာအေးမောင်သည် ANP ဥက္ကဋ္ဌရာထူးနှင့် ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့် ပေးရန် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပါတီဌာနချုပ်ကို စာတင် တောင်းဆိုထားသည်။

“ ကျွန်တော်တို့ အခုလုပ်နေတဲ့ အစည်းအဝေးက အကြောင်းအရာ လေးခုကို အခြေခံပြီး လုပ်တာပါ။ နံပတ်တစ်က လက်ရှိရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး အခြေအနေနဲ့ ရခိုင်အမျိုးသားပါတီရဲ့ ကဏ္ဍ၊ ပါတီတောင့်တင်းခိုင်မာရေးနှင့် ပါတီတည်ငြိမ်ရေး၊ ရှေ့လုပ်ငန်းစဉ်နဲ့ ဘင်္ဂလီလူမျိုးတွေကို ပြန်လည်နေရာချထားရေး အပေါ် ဆွေးနွေးရန်တို့ဖြစ်ပါတယ်။ ဒီအထဲမှာ ဒေါက်တာ အေးမောင်ရဲ့ နုတ်ထွက်စာတင်ခြင်း အပေါ်မှာလည်း ဆွေးနွေးဖို့ အချက်တစ်ချက်ပါဝင်ပါတယ်” ဟု သူက ဆိုသည်။

ရခိုင်အမျိုးသားပါတီ၏ ပထမနေ့အစည်းအဝေးတွင်မူ ဒေါက်တာအေးမောင်နုတ်ထွက်စာတင်ခြင်း အပေါ် ဆွေးနွေးခဲ့ခြင်းမရှိခဲ့သော်လည်း ကျန်နေ့ရက်များတွင် ဆွေးနွေးသွားမည်ဟု သိရသည်။

ပထမနေ့ အစည်းအဝေးတွင် မြို့နယ်များမှ တင်သွင်းသည့် စာတန်း ၂၁ စောင်ကို ဖတ်ကြားတင်သွင်းခဲ့သည်ဟု သိရသည်။

၎င်းစာတန်းများမှ ရရှိလာသည့် အချက်အလက်များကို ဇန်နဝါရီ ၅ ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...