ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာသူ ၆ ဦး သေဆုံး

ဖားကန့်ကျောက်စိမ်းတွင်း မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာသူ ၆ ဦး သေဆုံး
by -
ဖနိဒါ

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ မော်မောင်းရပ်ကွက်ရှိ ကျောက်စိမ်းတွင်း ကုမ္ပဏီ၏ မြေစာပုံများ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၆ ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီချိန်တွင် မောမောင်ဘွမ်ကျေးရွာအောက်ရှိ ဂျိတ်လန်း ကုမ္မဏီနှင့် ပုဂ္ဂလိက လုပ်ကွက် အမှတ် ၅၃ မှ စွန့်ပစ်မြေစာ ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူများ သေဆုံးခဲ့သည်ဟု ဖားကန့်မြို့ ရဲစခန်းနှင့် ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးမှ အတည်ပြု ပြောဆိုခဲ့သည်ဟု ဖားကန့်မှ အလွတ်သတင်းထောက် ကိုဇော်မိုးထက်က ပြောသည်။

“သူတို့တွေက အသက် ၂၄ နှစ်၊ ၂၅၊ ၂၆၊၂၇ နှစ် အကြီးဆုံးက ၄၅ နှစ် တစ်ယောက်ပဲ ပါတယ်။ ဒီ ၂၀၁၈ နှစ်သစ်မှာ ပထမဆုံး အကြိမ်လည်း ဖြစ်တယ်။ လူက ၆ ယောက်လည်းဖြစ်တော့ များလည်း များတာပေါ့။ အရင်နှစ်တွေလည်း ရှိတော့ ရှိတယ်။ ဒါပေမဲ့ လူအများကြီးမဟုတ်ဘူး”ဟု ကိုဇော်မိုးထက်က ပြောသည်။

မြေစာပုံများကို သတ်မှတ်ထားသည့် နေရာများတွင် မတွန်သည့် ကုမ္ပဏီများကို အရေးယူခြင်းများ မရှိဘဲ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ခြင်းနှင့် ရေမဆေးကျောက်ရှာဖွေသူများကလည်း စားဝတ်နေရေးအတွက် မြေစာပုံရှိသည့် နေရာများသို့ ရှာဖွေရာမှ ယခုကဲ့သို့ သေဆုံးမှုထိ ဖြစ်ပွားရသည်ဟု သူက ပြောသည်။

၎င်းစွန့်ပစ် မြေစာပုံများသည် နှစ်ဟောင်းမှ စွန့်ပစ်ခဲ့သော မြေစာဟောင်းများ ဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် လျောကျလာခြင်း ဖြစ်သည်ဟု သိရသည်။

အသေးစိတ်အခြေအနေများအား မဇ္ဈိမ မှ စုံစမ်းပြီး ထပ်မံတင်ပြသွားမည် ဖြစ်သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...