ငြိမ်းချမ်းရေး လုပ်ငန်းများ ပြန်လည် သုုံးသပ်ရန် UNFC အရေးပေါ် တိုးချဲ့အစည်းအဝေး ကျင်းပမည်

ငြိမ်းချမ်းရေး လုပ်ငန်းများ ပြန်လည် သုုံးသပ်ရန် UNFC အရေးပေါ် တိုးချဲ့အစည်းအဝေး ကျင်းပမည်
by -
ဖနိဒါ

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည် သုံးသပ်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစည်းအဝေး ကျင်းပမည် ဖြစ်သည်။

ဇန်နဝါရီလ ၆ ရက်မှ ၈ ရက်ထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ပြီး အဓိကအားဖြင့် အစိုးရနှင့် UNFC အကြား တိတ်ဆို့နေသော အချက်များကို သုံးသပ်ကြမည် ဖြစ်ကြောင်း UNFC ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

“UNFC တိုးချဲ့ အစည်းအဝေးပါ။ အခြေအနေ NCA ကိစ္စတွေကို ဆွေးနွေးဖုုိ့ပါ။ လက်မှတ်ထိုးဖို့၊ မထိုးဖို့ နည်းနည်းတော့ ဆွေးနွေးမှာပေါ့။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေပေါ့။ ကနေ့ ပိတ်ဆုုိ့နေတဲ့ကိစ္စတွေကုုိပဲ ဆွေးနွေးမှာပါ”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

၁၇ လကြာ အစိုးရနှင့် UNFC မှ နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ တွေ့ဆုံဆွေးနွေးမှု တွင် DPN မှ အဆုုိပြုသော အချက် ၈ ချက်ထဲမှ တချို့အချက်များ သဘောတူညီမှု မရသေးသဖြင့် NCA လက်မှတ် မထိုးနိုင်သေးဘဲ တွေ့ဆုံဆွေးနွေးမှုများ ရပ်ဆိုင်းခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့က ရန်ကုုန်မြို့ NRPC ရုုံးတွင် နဝမအကြိမ်မြောက် တရားဝင် တွေ့ဆုုံရန် ရှိသော်လည်း တရားဝင် တွေ့ဆုုံနုုိင်ခြင်း မရှိဘဲ နဝမအကြိမ်မြောက် အစည်းအဝေးအစား ရန်ကုုန်မြိို့ တစ်နေရာတွင် ပြုလုုပ်ခဲ့သည်။

ထုုိအစည်းအဝေး ရလဒ်အဖြစ် နုုိင်ငံတော် အတုုိင်ပင်ခံ ပုုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တုုိ့နှင့် UNFC ထိပ်သီးခေါင်းဆောင်များ တွေ့ဆုုံ၍ ကျန်ရှိနေသော ဆွေးနွေးရန် အချက်များကုုိ နှစ်ဘက်မှ ညှိနှိုင်း အဖြေရှာနုုိင် ရန်အတွက် DPN မှ ကြိုးပမ်းလျက်ရှိကြောင်း UNFC ဒီဇင်ဘာလ ၁၁ ရက်က ထုုတ်ပြန်ထားသည်။

Most read this week

December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...