ချင်းလွှတ်တော်အဆောက်အဦးသစ်တည်ဆောက်မှု ၄၅ ရာခိုင်နှုန်းအထိ ပြီးစီး

ချင်းလွှတ်တော်အဆောက်အဦးသစ်တည်ဆောက်မှု ၄၅ ရာခိုင်နှုန်းအထိ ပြီးစီး

ချင်းပြည်နယ်လွှတ်တော် အဆောက်အဦးတည်ဆောက်မှုမှာ ၄၅ ရာခိုင်နှုန်းကျော်ပြီးစီးပြီြဖစ်ကြောင်း ချင်းပြည်နယ် လွှတ်တော်ဒုဥက္ကဌ ဦးအောင်သန်းကပြောသည်။

ဦးအောင်သန်း က“ ၂၀၁၇-၁၈ ဘတ်ဂျက်နှစ် အဆောက်အဦးတည်ဆောက်ပြီးရင် ဘတ်ဂျက်မှာထည့်မရေးဆွဲထား သေးတဲ့ဟာလေးတွေတော့ လိုအုံးမှာ။ မီးသတ်စနစ်တို့၊ စီစီတီဗွီတို့၊ အသံပိုင်းစနစ်တွေတွေပေါ့။ လွှတ်တော် အစည်းအဝေးခန်းမဆိုတော့ အသံတွေပဲ့တင်တာမျိုးမဖြစ်အောင်လုပ်တဲ့စနစ်တွေ၊ အတွင်းထဲက ပရိဘောက လေးတွေကျန်အုံးမယ်။ နောက်နှစ်ဘဏ္ဍာနှစ်မှာ ထပ်လုပ်ရမယ့်ဟာပေါ့။ အခုဘတ်ဂျက်ထဲမှာတော့ အဆောက် အဦးရယ်၊ ရေမြောင်း၊ လျှပ်စစ်မီးကိစ္စတွေတော့ အားလုံးပါထားပြီးသားဖြစ်တယ်” ဟုပြောသည်။

ယခုတည်ဆောက်သည့်  လွှတ်တော်အဆောက်အဦးတွင် သတင်းသမားများ သတင်းရယူရန်နေရာ၊ လွှတ်တော်အစည်းအဝေး လေ့လာလိုသူများ အတွက်ထိုင်ရန်နေရာများအတွက် ပါဒီဇိုင်းဆွဲတည်ဆောက် ထားကြောင်းသူက ဆက်ဆိုသည်။

ယခုအချိန်ထိ ချင်းပြည်နယ်လွှတ်တော်အဆောက်အဦးသီးသန့်နေရာမရှိသေးသည့်အတွက် ချင်းပြည်နယ် အစိုးရရုံးနှင့် တွဲထားပြီး သတင်းသမားများသတင်းရယူရန်နေရာအခက်အခဲရှိနေခြင်းကြောင့် သတင်းယူခွင့်မ ပေးသေးကြောင်းနှင့် လွှတ်တော်အဆောက်အဦးအသစ်ပြီးဆုံးပါက သတင်းသမားများ လွတ်လပ်စွာသ တင်းရယူခွင့်ပေးမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ပြောကြားခဲ့သည်။

ယခုတည်ဆောက်လျက်ရှိသည့် လွှတ်တော်အဆောက်အဦး၏ အကျယ်အဝန်းမှာ စတုရန်းပေ ၇ သောင်းကျော်ကျယ်ဝန်းပြီး မြန်မာကျပ်ငွေ ငါး ဘီလီယံကျော်ကုန်ကျ တည်ဆောက်လျက်ရှိသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...