ကြားဖြတ်ရွေးကောက်ပွဲထပ်လုပ်ရန် အချိန်အတိအကျ မပြောနိုင်သေးကြာင်း ရွေးကော်ဥက္ကဌဆို

ကြားဖြတ်ရွေးကောက်ပွဲထပ်လုပ်ရန် အချိန်အတိအကျ မပြောနိုင်သေးကြာင်း ရွေးကော်ဥက္ကဌဆို
by -
ဇေယျာမော်

လစ်လပ်မဲဆန္ဒနယ် ခုနှစ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန် အချိန်အတိအကျ ပြောပြနိုင်သေးခြင်းမရှိဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

"ကျွန်တော်တို့ ကြေညာချက် ထုတ်ပါမယ်။ ဘယ်တော့လောက် ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူး။ အခုလက်ရှိ လစ်လပ်နေတာက ၇ နေရာ ရှိတယ်" ဟု ဦးလှသိန်းက ဆိုသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် ၁ နေရာ ၊ ရှမ်းပြည်နယ် လဲချား မြို့နယ် ပြည်သူ့လွှတ်တော် ၁ နေရာ ၊ ချင်းပြည်နယ် မတူပီ မဲဆန္ဒနယ်(၁) ပြည်နယ်လွှတ်တော် ၁ နေရာ ၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမဲဆန္ဒနယ်(၂) တိုင်းဒေသကြီးလွှတ်တော် ၁ နေရာ ၊ ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမဲဆန္ဒနယ်(၁) တိုင်းဒေသကြီးလွှတ်တော် ၁ နေရာ၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမဲဆန္ဒနယ်(၁) တိုင်းဒေသကြီးလွှတ်တော် ၁ နေရာ ၊ ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်(၂) ပြည်နယ်လွှတ်တော် ၁ နေရာ စုစုပေါင်း လစ်လပ် မဲဆန္ဒနယ် ၇ နေရာ လစ်လပ်နေခြင်းဖြစ်သည်။

သို့သော်လည်း ရှမ်းပြည်နယ် မိုင်းလား ၊ ပန်ဆန်း(ပန်ခမ်း) ၊ နားဖန် ၊ ပန်ဝိုင် ၊ မိုင်းမော စသည့် မြို့နယ်များတွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။

အဆိုပါ နေရာများ၌ ကျင်းပရန်မှာ လုံခြုံရေးအခြေအနေအရသာဖြစ်သည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ဆိုသည်။ ယင်းနေရာများသည် ၂၀၁၀ ၊ ၂၀၁၅ ၊ ၂၀၁၇ ခုနှစ်များတွင်လည်း  ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိပေ။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် ၈ ခုမှ မြို့နယ် ၂၂ မြို့နယ်တွင် ကျင်းပခဲ့ပြီး လစ်လပ်နေရာ ၁၉ နေရာအတွက် ယှဉ်ပြိုင်ခဲ့သည်။ လစ်လစ်နေရာများသည် ပြည်သူ့ လွှတ်တော်တွင် ၉ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၃ နေရာ နှင့် တိုင်းဒေသကြီး၊ပြည်နယ်လွှတ်တော်တွင် ၇ နေရာတို့ ဖြစ်သည်။

ယင်း ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၂၄ ခုမှ ကိုယ်စားလှယ်လောင်း ၉၆ ယောက်တို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒရှင် ၂.၁ သန်းခန့်က မဲပေးခွင့် ရရှိခဲ့သည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...