ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေ သန့်စင်မှုနှင့် ဖူလုံမှုရှိရေး ကျပ် ၂၃၅ ဒသမ ၆၆ သန်း အသုံးပြုမည်

ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေ သန့်စင်မှုနှင့် ဖူလုံမှုရှိရေး ကျပ် ၂၃၅ ဒသမ ၆၆ သန်း အသုံးပြုမည်

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၂ ခုတွင် သောက်သုံးရေ သန့်စင်မှု ရှိစေဖို့နှင့် ဖူလုံမှုရှိစေရေးတို့အတွက် ကျပ် ၂၃၅ ဒဿမ ၆၆ သန်းကို အသုံးပြုသွားမည်ဟု ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

“အရင် ၅ မြို့နယ်ကတော့ အရင်ဘတ်ဂျတ်ငွေထဲက လုပ်ပေးပြီးသွားပြီ။ အခုက နိုင်ငံတော်ထောက်ပ့ံငွေနဲ့ အရေးကြီးတဲ့ မြို့နယ် ၁၂ ခုမှာ လိုအပ်ချက်အရ ထပ်လုပ်ပေးတာပါ။ ရေတွင်းတူးပေးလို့တော့ အကုန်လုံးမပြီးသေးပါဘူး။ အခုကျလာတဲ့ ဘတ်ဂျတ်ငွေ ၂၃၅ သန်းထဲမှာ လက်တူးရေတွင်းအသစ် တူးတာတွေ တစ်ခုတည်း မဟုတ်ပါဘူး။ ရေကန်ခြံစည်းရိုးကာတဲ့ လုပ်ငန်းတွေလဲ ပါပါတယ်။”ဟု ရခိုင်ပြည်နယ်ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးညွန်ကြားရေးမှူး ဦးနေထက်စိန်က ပြောသည်။

အဆိုပါ ဘတ်ဂျက်ငွေကို ပြည်ထောင်စုအစိုးရမှ ထောက်ပံ့ခြင်းဖြစ်ပြီး ရှိနှင့်ဆဲ ရေကန်များအား အဆင့်မြှင့်တင်ခြင်း၊ ခြံစည်းရိုးကာရံခြင်းများ အပါအဝင် လက်တူးရေတွင်းအသစ်များ တူးဖော်ခြင်းတို့ပြုလုပ်ရန် ဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်တို့က မောင်တော၊ ဘူးသီးတောင်တွေမှာ ရေတွင်းအသစ်တွေ တူးပေးနေပါတယ်။ မောင်တောမှာ ၁၄ ခု တူးပြီးပါပြီ။ ဘူးသီးတောင်မှာက ရွာ ၁၀ ရွာမှာ လက်တူးတွင်းတွေ တူးနေဆဲဖြစ်ပါတယ်။ ရေတွင်း အနက်ကတော့ ရေထွက်တဲ့အထိ တူးတယ်။ အကျယ်ကတော့ ၅ ပေပတ်လည်ပါ။ ရေကန်တူးမယ့်ဟာကတော့ ဘူးသီးတောင်မှာ မပါပါဘူး။ အခု တူးပေးနေတာက မြို့နယ် ၁၂ ခုမှာတူးပေးနေတာဖြစ်ပါတယ်။”ဟု ရခိုင်ပြည်နယ်ကျေးလက်ဒေသ ဖွ့ံဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးညွန်ကြားရေးမှူး ဦးနေထက်စိန်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် ရေတွင်းတူးဖော်ခြင်းနှင့် သောက်သုံးရေဖူလုံမှုရှိစေရေး ဆောင်ရွက်နေသည့် အဆိုပါ ၁၂ မြို့နယ်မှာ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များ ဖြစ်သည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...