မောင်တောတွင် စိတ်ကြွရူးသွပ်ဆေး ၅၇၀၀၀၀ နှင့်အတူ လူနှစ်ဦးဖမ်းဆီး

မောင်တောတွင် စိတ်ကြွရူးသွပ်ဆေး ၅၇၀၀၀၀ နှင့်အတူ လူနှစ်ဦးဖမ်းဆီး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ယာဘခေါ် စိတ်ကြွ ရူးသွပ်ဆေးပြား ၅၇၀၀၀၀ နှင့်အတူ လူနှစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ယာဉ်မောင်း စောရွှေထွန်း (ခ) မျိုးဝေထွန်းနှင့် မိုက်ကယ်ထွန်း (ခ) မိုက်ကယ်တို့ ဖြစ်ကြောင်း မြန်မာ အစိုးရပိုင် ကြေးမုံ သတင်းစာတွင် ဖော်ပြသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (၃) မှ လှုပ်ရှားတပ်ဖွဲ့ဝင်များသည် မေလ (၅) ရက်နေ့က နှစ်နိုင်ငံ မြေတိုင်း စစ်ဆေးရေး ကိုယ်စားလှယ်များအတွက် လုံခြံုရေး ဆောင်ရွက်နေစဉ် ရွှေဇား အမက (မူလွန်) ကျောင်းရှေ့ ရွှေဇား-ကညင်ချောင်း လမ်းပေါ်တွင် စောရွှေထွန်း မောင်းနှင်လာသော YGN-7G- Isuzu ကားကို တားဆီးစဉ် ဖမ်းဆီးရမိသည်ဟု ပြောဆိုသည်။

ယင်း စိတ်ကြွရူးသွပ်ဆေးပြားများအား ၎င်းတို့ထိုင်သည့် ထိုင်ခုံနောက်ဘက်တွင်ထားရှိသည့် ပီနံအိတ်နှင့် ပန်းရောင် လက်ဆွဲအိတ်ထဲမှ ရှာဖွေတွေ့ရှိခဲ့သည်။

ပီနံအိတ်ထဲမှ စိတ်ကြွရူးသွပ် ဆေးပြားအထုပ်ကြီးပေါင်း ၄၉ ထုပ်အတွင်းမှ ဆေးပြား ၄၆၅၅၀၀ ကိုလည်းကောင်း၊ ပန်းရောင် လက်ဆွဲအိတ်အတွင်းရှိ ဆေးပြားအထုပ်ကြီး ၁၁ ထုပ်မှ ဆေးပြား ၁၀၄၅၀၀ ကိုလည်းကောင်း၊ စုစုပေါင်း ၅၇၀၀၀၀ ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယခုဖမ်းဆီးမှု အရေအတွက်သည် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ယခုနှစ် အတွင်း ပမာဏ အများဆုံး ဖြစ်သည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...