ကရင်တိုင်းရင်းသားများ၏ကောင်းမြတ်သော အင်အားကို နိုင်ငံတော်အတိုင်ပင်ခံ ဂုဏ်ပြု

ကရင်တိုင်းရင်းသားများ၏ကောင်းမြတ်သော အင်အားကို နိုင်ငံတော်အတိုင်ပင်ခံ ဂုဏ်ပြု

 မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းကို တည်ဆောက်ရာတွင် ကရင်တိုင်းရင်းသားများ၏ကောင်းမြတ်သော အင်အားများက အရေးပါသည်ဟု  ယုံကြည်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၇၅၇ခုနှစ်ကရင်နှစ်သစ်ကူး သဝဏ်လွှာတွင် ထည့်သွင်းပေးပို့ခဲ့သည်။

၂၇၅၇ခုနှစ် ကရင်နှစ်သစ်ကူး အလံတင်အခမ်းအနားကို  ဒီဇင်ဘာလ၁၈ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ပြည်ထောင်စုကွင်းတွင်ကျင်းပပြုလုပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊တိုင်းအစိုးရအဖွဲ့ဝင်များနှင့်ဒေသခံများတက်ရောက်ခဲ့ကြသည်။

"နှစ်ဟောင်းကာလအတွင်းက မိမိတို့ကြိုးစားပမ်းစား စိုက်ပျိုးထားသည်များမှ ဖြစ်ထွန်းလာသည့်အသီးအပွင့်များကို စိတ်တူကိုယ်တူ စုပေါင်းရိတ်သိမ်းပြီး မိသားစုဝင်များ စုံစုံလင်လင် ပျော်ပျော်ရွှင်ရွှင်ဖြင့် သုံးဆောင် စံစားရသည့် မြတ်နိုးဖွယ်ရာ ဓလေ့ထုံးတမ်း အစဉ်အလာလည်းဖြစ်သည်။ကောက်သစ်စားပွဲအခါသမယတွင် မိသားစုဝင်အားလုံး စုံစုံညီညီ ပြန်လည်တွေ့ဆုံနိုင်ရန် ကြိုးစားကြသည့်နည်းတူ ယခုအခါ ပြည်ထောင်စုအတွင်း ညီအစ်ကိုသားချင်းများအားလုံး စုစည်းညီညွတ်စွာဖြင့် အေးအတူပူအမျှ မိသားစုစိတ်ဓာတ်ဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက်ကြိုးပမ်းဆောင်ရွက် လျှက်ရှိပါသည်။ကရင်တိုင်းရင်းသားများသည် ရိုးသားတည်ကြည်ပြီး၊အပင်းပန်းခံပြီး ကြိုးစားပမ်းစားလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း၊ ဇွဲသတ္တိရှိခြင်း စသောအရည်အချင်းများနှင့်ပြည့်စုံသည်ဟူသော ကျော်ဇောသတင်းသမိုင်းတစ်လျှောက်ရှိခဲ့ပါသည်”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပေးသည့် ကရင်နှစ်သစ်ကူးသဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီက ဖတ်ကြားခဲ့သည်။

၂၇၅၇ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် အလံတင်အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်မန်းဂျော်နီက ဖားစည်းတီးဖွင့်လှစ်ပေးခဲ့သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...