(၄၃) နှစ်မြောက်ရခိုင်ပြည်နယ်နေ့တွင် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှ ရခိုင်တံခွန်၊ ရခိုင်ဂုဏ်ဆောင်ဆုများချီးမြှင့်

(၄၃) နှစ်မြောက်ရခိုင်ပြည်နယ်နေ့တွင် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနမှ ရခိုင်တံခွန်၊ ရခိုင်ဂုဏ်ဆောင်ဆုများချီးမြှင့်
(photo: ဆုချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များကိုတွေ့ရစဉ်)
(photo: ဆုချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များကိုတွေ့ရစဉ်)

ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သည့် ၄၃ နှစ်မြောက်ရခိုင်ပြည်နယ်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ရခိုင်အရေးအတွက် အနစ်နာခံ ဆောင်ရွက်နိုင်ခဲ့သူများနှင့် လူမျိုးဂုဏ်ကို ဖော်ဆောင်နိုင်ခဲ့သူများအား ရခိုင့်တံခွန်ဆုနှင့် ရခိုင့်ဂုဏ်ဆောင်ဆုများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဆုရရှိခဲ့ကြသူများမှာ ရခိုင်သမိုင်းပညာရှင်စာရေးဆရာ အရှင် စက္ကိန္ဒ၊ ဗဟန်းမြို့နယ် မင်္ဂလာကံယုန်ဆရာတော် ဘဒ္ဒန္တကေတု၊ ဗဟန်းမြို့နယ် ကျောင်းတော်ရာ ရွှေကျင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဉာဏ၊ ရခိုင်စာပေယဉ်ကျေးမှုနှင့် သမိုင်းသုတေသီ ဒွာရဝတီ အရှင်ကုသလ၊ မဟာဝိရ ဆရာတော် ဘဒ္ဒန္တဝိဇ္ဖာနန္ဒ၊ နံ့သာတောင်ဆရာတော် ဘဒ္ဒန္တ စာရဏ၊ ရခိုင်သဟာယအသင်း အကြံပေးနာယက ဦးကျော်ဇံလှ၊ ရခိုင်မျိုးစောင့်အဖွဲ့ (ARG) ဥက္ကဋ္ဌ ဦးဘအေးတို့ ဖြစ်ကြသည်။

ရခိုင်ဂုဏ်ဆောင်ဆု ရရှိသူ ၂ ဦးမှာ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်နှင့် ၂၀၁၆ ခုနှစ် အမျိုးသားစာပေဆုရ ယမင်းမြတ်အေးတို့ဖြစ်ကြသည်။

တစ်ခြား ဂုဏ်ပြုလက်မှတ်ရရှိသူ ၂ ဦးမှာ စစ်တွေမှ ရန်ကုန်သို့ ခရီးရှည်စက်ဘီးနှင်းခဲ့ကြသူများ ဖြစ်ကြသည့် ဦးမောင်စောရွှေနှင့် ၄၃ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်တွေမှ ရန်ကုန်သို့ စက်ဘီးစီးခရီးနှင်ခဲ့သူ ဦးဝင်မောင်( ဝင်းမောက်) ဖြစ်ကြောင်း သိရသည်။

၎င်းဆုများကို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်မှ တက်ရောက်ချီးမြှင့်ခဲ့သည်။

ယခုကဲ့သို့ မိမိတို့ ARG ၏ ကိုယ်လုပ်ထားတဲ့ အလုပ်အတွက် အများ၏ အသိအမှတ်ပြုခြင်းကို ခံရသဖြင့် ဝမ်းသာကြောင်း၊ ယခုလို ဆုချီးမြှင့်ခြင်းက ပိုပြီး အလုပ် လုပ်ကိုင်ရန် တွန်းအား တစ်ရပ် ဖြစ်စေကြောင်း၊ ယခု ချီးမြှင့် ခံရခြင်းက တာဝန်ကြီး တစ်ရပ်ကို ပခုံးပေါ် သို့ ကျရောက်လာပြီ ဖြစ်သည်ဟုယူဆကြောင်း ရခိုင်တံခွန်ဆုရရှိသူ ရက္ခိုင့်မျိုးစောင့်အဖွဲ့ ဥက္ကဋ္ဌ ဦးဘအေးမှ ပြောကြားသည်။

ရခိုင်အမျိုးသားထဲမှ ထူးထူးချွန်ချွန် ပုဂ္ဂိုလ်များ၊ ရခိုင်လူမျိုးအတွက် အကျိုးပြုနေကြသည့် ပုဂ္ဂိုလ်များကို ရွေးချယ်ပြီး ရခိုင်တံခွန်ဆု၊ ရခိုင်ဂုဏ်ဆောင်ဆုများကို လွန်ခဲ့သောနှစ်ကစပြီး ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ချီးမြှင့်လာသည်ဟု သိရသည်။

 

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...