တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ၈ နေရာခန့်ဖြစ်ပွား

တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ၈ နေရာခန့်ဖြစ်ပွား
by -
ဖနိဒါ၊ ဇေယျာမော်
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လုံခြုံရေးယူထားသည့် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) အား သြဂုတ်လ ၃ ရက် ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း)
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လုံခြုံရေးယူထားသည့် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) အား သြဂုတ်လ ၃ ရက် ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း)

တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) တို့အကြား ဒီဇင်ဘာ ၁၄ ရက်နေ့ တစ်နေ့တည်းအတွင်း ကချင်ပြည်နယ်အတွင်း၌ ရှစ်နေရာခန့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူ က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"ဟုတ်ပါတယ်၊ မနေ့က တိုက်ပွဲဖြစ်တဲ့နေရာတွေရှိပါတယ်။ တိုက်ပွဲမဖြစ်ဘဲ တပ်မတော်ဘက်က လက်နက်ကြီး တွေနဲ့ ပစ်တဲ့နေရာတွေလဲ ရှိပါတယ်။ လိုင်ဇာဌာနချုပ် အနီးတစ်ဝိုက်နားကိုပါ၊ တပ်မတော်စခန်း ထိုင်နေတဲ့ ကုန်းပေါ်ကနေ လှမ်းပစ်တာပါ" ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပုုိင်း ၈ နာရီကျော်မှ စတင်၍ ညနေပုုိင်းထိ တပ်မဟာ ၅ လက်အောက်ခံရှိ ရှေ့တန်း စခန်းဖြစ်သော ဂိဒေါန်ဒေသနှင့် တနုုိင်းမြို့နယ် တပ်မတော် ၂ လက်အောက်ခံ တပ်ရင်း ၁၄ ဒေသတွင် မြေပြင်တုုိက်ပွဲ ဖြစ်ပွားခဲ့သည်ဟုု KIA မှ သတငး်နှင့် ပြန်ကြားရေးတာဝန်ခံ ဒုုဗုုိလ်မှူးကြီး နော်ဘူက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ တစ်နေ့တည်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာ အနီးတစ်ဝိုက် အပါအဝင် ၀ိုင်းမော်၊ တနိုင်း ၊ မန်စီ စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု  သိရသည်။

"မြေပြင်တိုက်ပွဲတွေ ဖြစ်ပါတယ်၊ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေလည်း ရှိပါတယ် ၊ ၀ိုင်းမော်မြို့နယ်ရဲ့ အစွန်ဆုံးလောက်မှာ ဖြစ်တာပါ" ဟု ၄င်းက ဆိုသည်။

၂၀၁၇ ခုုနှစ် သြဂုုတ်လက KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ ဒေသတွင် KIA နှင့် တပ်မတော် အကြား တုုိက်ပွဲ ဖြစ်ပွားခဲ့သဖြင့် ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် တုုိက်ပွဲ ဖြစ်ပွားမှု လျော့နည်းခဲ့ရာမှ ယခုု တုုိက်ပွဲ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။

မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးဆွေးနွေး ရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက "ဟုတ်ပါတယ်၊ ဖြစ်တယ်လို့ကြားတယ်၊ ဘယ်နေရာတွေ ဆိုတာတော့ ကျွန်တော်အတိအကျမသိရသေးဘူး" ဟု ပြောသည်။

ယခင် အစိုးရလက်ထက်က ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ အစည်းအဝေးများကို ပြုလုပ်ခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် ပြုလုပ်နိုင်ခြင်းမရှိပေ။

ယင်း ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ကို တပ်မတော်ကိုယ်စားလှယ်များအပါအဝင် KIO/KIA နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင် ဖွဲ့စည်းထားပြီး ပဋိပက္ခများ တိုက်ပွဲများ ဖြစ်ပွားပါက ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၂ ရက်က မြစ်ကြီးနားမြို့ ရှိ KIO ၏ နည်းပညာအထောက်အကူပြုအဖွဲ့(TAT)ရုုံးအတွင်း ပြည်နယ် ရဲတပ်ဖွဲ့က ရုုတ်တရက် ဝင်ရောက် ရှာဖွေစစ်ဆေးမှုများ ပြုလုုပ်ခဲ့သည်။

KIO သည် ညီညွတ်သော တုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ နုုတ်ထွက်၍ ဝပြည် သွေးစည်းညီညွတ်ရေး မှ ဦးဆောင် ဖွဲ့စည်းထားသော ပြည်ထောင်စုု နုုိင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ ( FPNCC) တွင် ပါဝင်ကာ တစ်နုုိင်ငံလုုံး ပစ်ခတ်တုုိက်ခုုိက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်း မဟုုတ်ဘဲ နုုိင်ငံရေးဆွေးနွေးရန် ကြိုးပမ်းနေသည်။ 

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...