နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အခွင့်အရေးကို ပြီးစလွယ်သဘောမထားဖို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဆို

နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အခွင့်အရေးကို ပြီးစလွယ်သဘောမထားဖို့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဆို
by -
ဇေယျာမော်

နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အခွင့်အရေးကို ပြီးစလွယ်သဘောမထားဘဲ သေချာခိုင်မာသည့် ဆွေးနွေးချက်များနှင့် ငြိမ်းချမ်းသည့်အနာဂါတ် ရရှိရေး  ဆွေးနွေးကြရန် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောဆိုလိုက်သည်။

"နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဦးတည်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာဖို့ နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီး ပေးဆပ်မှု ၊ စွန့်လွှတ်မှုပေါင်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြရတာပါလို့ ပြောလိုပါတယ်။ ဒီလိုရရှိလာတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာအခွင့်အရေးကို ပြီးစလွယ်သဘောမထားကြဘဲ သေချာပြီး ခိုင်မာတဲ့ ဆွေးနွေးချက်တွေနဲ့ အားကောင်းတဲ့ ပြင်ဆင်မှုတွေကို အခြေခံပြီး ငြိမ်းချမ်းတဲ့အနာဂါတ်ကို ရရှိရေး ဆွေးနွေးကြဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်" ဟု PPST အဖွဲ့ခေါင်းဆောင် စောမူတူးစေးဖိုးက ဆိုသည်။

တုုိင်းရင်းသား လက်နက်ကုုိင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (EAO Peace Process Steering Team-EAO PPST) နှင့် လုပ်ငန်းကော်မတီများအကြား   ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ တတိယအစည်းအဝေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစည်းအဝေးတွင် PPST ခေါင်းဆောင် စောမူတူးစေးဖိုး က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT) ၊ NCA-S EAO မှ ကဏ္ဍအလိုက် ပါ၀င်သည့် လုပ်ငန်းကော်မတီဝင်တို့ တက်ရောက်လာခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လေးရက်ကြာ ပြုလုပ်သွားမည် ဖြစ်သည်။

လာမည့် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ပြုလုပ်မည့် ၂၁ ရာစုပင်လုံ တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးမည့် ကဏ္ဍကြီး( ၅) ခုဖြစ်သည့် နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍနှင့် လုံခြုံရေး ကဏ္ဍ တို့ကို ယခုပြုလုပ်နေသည့် အစည်းအဝေးတွင် အသေးစိတ် ပြန်လည် ဆွေးနွေးသွားမည် ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ ဖြစ်သည့် KNU ၊ ABSDF ၊ CNF ၊ ALP ၊ DKBA ၊ PNLO ၊  KNU/KNLA-PC ၊  RCSS တို့က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...