မောင်တောတွင် အစိုးရစာသင်ကျောင်း ၂၆၀ ကျော် ပြန်လည်ဖွင့်လှစ်

မောင်တောတွင် အစိုးရစာသင်ကျောင်း ၂၆၀ ကျော် ပြန်လည်ဖွင့်လှစ်
by -
စိုးသူအောင်

သြဂုတ်လ ၂၅ ရက်နေ့၊ မောင်တော တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ၄ လအတွင်း ပိတ်ထားခဲ့ရသည့် မောင်တောခရိုင်အတွင်းရှိ ကျောင်း ၄၂၄ ကျောင်းအနက် ကျောင်း၂၆၀ ကျော်ပြန်လည်ဖွင့်လှစ်ထားကြောင်း မောင်တောခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှဝင်းက မဇ္စျိမသို့ပြောသည်။

“ မနေ့ကအထိဖွင့်ထားတာက ၂၆၂ ကျောင်းပါ။ စာရင်းရှိအရေအတွက်က ၄၂၄ ကျောင်းပါ။ ဖွင့်ဖို့ကျန်တဲ့ကျောင်းက ၁၄၂ ကျောင်းပါ။ သုံးပုံ နှစ်ပုံလောက် ဖွင့်ပြီးသွားပါပြီ “ ဟု၄င်းကဆိုသည်။

လက်ရှိအချိန်အထိ မောင်တောမြို့နယ်အတွင်း၌ ပိတ်ထားရသည့် ကျောင်း ၈၀ ခန့်၊ ဘူးသီးတောင် မြို့နယ်တွင် ၁ရဝကျော်နှင့်  ရသေ့တောင်မြို့နယ်တွင် ၁၀  လှစ်ပြီးကြောင်း မောင်တောခရိုင်ပညာရေးမှူးရုံး၏ ဒီဇင်ဘာ ၁၂ ရက်ထိ စာရင်းများအရသိရသည်။

မောင်တောဒေသအတွင်း ကျောင်း ၁၁၂ ကျောင်းကို ဆက်လက်၍ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ဖြစ်ပြီး  ပြန်လည်ဖွင့်လှစ်ရန် မဖြစ်နိုင်သေးသည့် ကျောင်း စုစုပေါင်း ၄၈ ကျောင်း ရှိကြောင်း သိရှိရသည်။

“ မီးရှို့ခံရတဲ့ရွာတွေရှိတယ်။ ရွာသားတွေထွက်ပြေးတဲ့ရွာတွေရှိပါတယ်။ အဲ့လိုမျိုးအခက်ခဲတွေရှိနေလို့ပါ “ ဟု မောင်တောခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှဝင်းကပြောသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် မောင်တောဒေသအတွင်း အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအ လယ်တန်းကျောင်း နှင့် အခြေခံပညာ မူလတန်း ကျောင်း စုစုပေါင်း ၆၅၀ ကျောင်း ရှိသည့်အနက် ၄၂၄ ကျောင်းကို ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

အဆိုပါကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားဦးရေ ခန့်မှန်းခြေ တစ်သိန်းခွဲခန့် ရှိနေကြာင်း သိရသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...