မြန်မာ-ဘင်္ဂလာဒေရှ့်ပူးပေါင်းအဖွဲ့ နယ်စပ် တိုင်းတာမှု ပြုလုပ်

မြန်မာ-ဘင်္ဂလာဒေရှ့်ပူးပေါင်းအဖွဲ့ နယ်စပ် တိုင်းတာမှု ပြုလုပ်
by -
နိရဥ္စရာ
မြန်မာ-ဘင်္ဂလာဒေရှ့် နှစ်နိုင်ငံ နယ်စပ်ကို ဘင်္ဂလာဒေရှ့်မှ နယ်စပ် မြေတိုင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် မူဟာမတ် အာဘူခိုင်ယာ (Mohammad Abul Khair) ဦးဆောင်သည့် အဖွဲ့ဝင် လေးဦးပါ၀င်သော မြေတိုင်းအဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး မြန်မာ မြေတိုင်း အရာရှိများနှင့်အတူ နယ်စပ် တိုင်းတာမှုများကို ပြုလုပ်ခဲ့သည်ဟု မြန်မာ အရာရှိတစ်ဦးက ပြောသည်။

“သူတို့က မြန်မာဘက်က နယ်စပ်ပွိုင့်တွေကို လေးရက်တိတိ တိုင်းတာခဲ့ပါတယ်။ မေလ ရ ရက်နေ့က ဘင်္ဂလာဒေရှ့်ကို ပြန်သွားပြီး မြန်မာဘက်က အဖွဲ့တစ်ခုလည်း ဆက်လက်တိုင်းတာမှုတွေ ပြုလုပ်ဖို့ ဘင်္ဂလာဒေရှ့်ကို ထွက်ခွာသွားပါတယ်” ဟု မြန်မာ အရာရှိ တစ်ဦးက ပြောကြားသည်။

မြန်မာ မြေတိုင်း ဦးစီးဌာနမှ နယ်စပ်တိုင်းတာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူး ဦးထွန်း ဦးဆောင်သောအဖွဲ့ဝင် ၁၁ ဦးပါ အဖွဲ့တစ်ခုသည်လည်း ဘင်္ဂလာဒေရှ့်နိုင်ငံ ကော့စ်ဘဇားမြို့သို့ မေလ ရ ရက်နေ့က ရောက်ရှိသည်ဟု သိရသည်။

အဆိုပါ အဖွဲ့သည် ဘင်္ဂလာဒေရှ့် မြေတိုင်းအဖွဲ့နှင့် ပူးပေါင်းကာ နယ်စပ် တိုင်းတာမှုများကို မေလ ၁၁ ရက်နေ့ထိ (၄) ရက်တိုင်တိုင် ပြုလုပ်သွားမည်ဟု ဘင်္ဂလာဒေရှ့် အရာရှိများက ပြောသည်။

မြန်မာနှင့် ဘင်္ဂလာဒေရှ့် နှစ်နိုင်ငံအကြား နယ်စပ် အငြင်းပွားမှုမကြာခဏ ပေါ်ပေါက်မှုများရှိနေကြောင်း၊ အထူးသဖြင့် နတ်မြစ်အတွင်း ဖြစ်ကြောင်း၊ မြစ်ကြောင်း ပြောင်းလဲမှုနှင့် ကျွန်းသစ်ဆန်လာမှုများ နတ်မြစ်အတွင်း မကြာခဏ ပေါ်ပေါက်ကြောင်း၊ သို့အတွက် ဘင်္ဂလာဒေရှ့် ငါးဖမ်းသမားများ နတ်မြစ်အတွင်း ငါးဖမ်းစဉ် မြန်မာရေပိုင်နက် ကျူးကျော်ဝင်ရောက်၍ မကြာခဏ ဖမ်းဆီးခံရမှုများ ရှိနေကြောင်း သိရှိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...