လုံခြုံရေးဏ္ဍဆွေးနွေးရန် အပစ်ရပ် ၈ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တွေ့ရန်စီစဉ်နေ

လုံခြုံရေးဏ္ဍဆွေးနွေးရန် အပစ်ရပ် ၈ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တွေ့ရန်စီစဉ်နေ
by -
စိုးသူအောင်

NCA အပစ်ရပ်လက်မှတ်ထိုးထားသော ၈ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ လုံခြုံရေးဏ္ဍနှင့် ပတ်သက်ပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ စီစဉ်ဆောင်ရွက်နေကြာင်း ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး၊ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ေသော်လည်း တွေ့မည့်နေရာနှင့် အချိန်ကိုမှုပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ၄င်းက ဆိုသည်။

“ အစိုးရရော တပ်မတော်ရော လုံခြုံရေးဏ္ဍကိစ္စပါ။ လုံခြုံရေးဏ္ဍက ကျယ်ကျယ်ပြန့်ပြန့် အချိန်ယူပြီး ဆွေးနွေးဖို့ကျတော့ အလွတ်သဘောက ပိုကောင်းမယ်ဆိုပြီး ကျွန်တော်တို့ဘက်က ပြင်ဆင်တာပါ။ ချင်းမိုင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ လူကြီးတွေနဲ့တင်ပြပြီးတော့ နောက်ဆုံးခွင့်ပြုချက်ရမှ တပ်ဖက်ကို အကြောင်းကြားသွားမယ်ခင်ဗျ“ ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မပြုလုပ်မှီ အစိုးရ၊ တပ်မတော်နှင့် တွေ့ဆုံနိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် (၈) မှ ဗိုလ်မှူးကြီးခွန်ဥက္ကာ အပါအဝင် ကိုယ်စားလှယ် ၆ ဦး ဖြင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့်ရှစ်ဖွဲ့၊ မြောက်ပိုင်း လက်နက်ကိုင် ခုနစ်ဖွဲ့နှင့် ညီညွတ်သောတိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) တို့မှ ထိပ်ပိုင်းခေါင်း ဆောင်အချို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်ဘာ ၉ ရက်နေ့က အလွတ်သဘော တွေ့ဆုံခဲ့ကြသေးသည်။

NCA အပေါ် လက်ရှိ အစိုးရနှင့် လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများသည် ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ ဖြစ်ကြသည်။

Most read this week

December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...