တောင်ကုတ်မြို့နယ်နယ် မအီမြို့နှင့် ဝေကျေးရွာအကြား ကိုယ်ထူကိုထလမ်းဖွင့်လှစ်

တောင်ကုတ်မြို့နယ်နယ် မအီမြို့နှင့် ဝေကျေးရွာအကြား ကိုယ်ထူကိုထလမ်းဖွင့်လှစ်
by -
စံမောင်သန်း

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့နှင့် ကျောက်ဝေကျေးရွာအုပ်စု ဝေကျေးရွာအကြား အရှည် ၃ မိုင် ၆ဖာလုံရှိ ကိုယ်ထူကိုယ်ထ လမ်းတစ်လမ်းကို ၇၅ သိန်းကျပ် အကုန်အကျခံ၍ မကြာသေးမီက ဖောက်လုပ်ပြီးစီးခဲ့ပြီး ဒီဇင်ဘာလ ၄ ရက် နံနက် ၈ နာရီခွဲက လမ်းဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

“ဒီလမ်းက မအီမြို့က လမုထိ ပတ်လမ်း စီမံကိန်းအတွင်းမှာ ပါရှိတဲ့ လမ်းအပိုင်းဖြစ်ပါတယ်။ လမုဘက်က ငှက်ပျောတော၊ ကျော်ကိုင်း နဲ့ ရန်ပယ်အထိ အစိုးရဘတ်ဂျက်နဲ့ ဖောက်ပြီးပါပြီ။ ကျန်ပိုင်းအတွက် အစိုးရက ဘတ်ဂျက် မချပေးသေးဘူး။ ဒီကျောက်ဝေအုပ်စု ကျတော့ တောတောင်တွေများတဲ့ အတွက် လုပ်ဖို့ အခက်အခဲရှိပါတယ်။ ကျနော်တို့က ဝေနဲ့ မအီကို ကိုယ်ထူကိုယ်ထ ဖေါက်လိုက်တာပါ”ဟု လမ်းဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဝေကျေးရွာသား ဦးဆန်းမောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကျောက်ဝေ ကျေးရွာအုပ်စုတွင် ကျေးရွာ ၅ ရွာရှိသော်လည်း ယခုဖောက်လုပ်ပြီးစီးခဲ့သော လမ်းအပိုင်းသည် မအီမြို့နှင့် ဝေ၊ သိမ်ကျောင်းပြင်၊ အောင်ဆိပ်ကျေးရွာတို့သာ ဆက်သွယ် သွားလာနိုင်သေးကြောင်း သိရသည်။

“အခုက ကျော်ကိုင်း၊ ရန်ပယ်၊ ကျောက်ဝေ၊ အောင်ဆိပ်ပြင်ထိ အစိုးရဘတ်ဂျက် ကျထားပါပြီ။ ဒါပေမယ့် စပါးရိပ်သိမ်းမှုတွေ မပြီးစီးသေးတဲ့အတွက် ကျောက်ဝေအထိ ဖောက်လုပ်ဖို့ အဆင်မပြေသေးပါဘူး။ မအီနဲ့ ဝေအပိုင်းကျတော့ လမ်းပေါက်စေချင်တဲ့ ဆန္ဒနဲ့ အစိုးရဘတ်ဂျက် မကျခင် ကိုယ်ထူကိုယ်ထ ဖောက်လုပ်ခဲ့ကြတာ”ဟု ဦးဆန်းမောင်က ပြောသည်။

ယင်းသို့ ဖောက်လုပ်မှုကြောင့် ရာသီမရွေးသွားလာနိုင်မည်ဖြစ်သော်လည်း ချောင်းငယ်များကို ဖြတ်သွားရမည်ဖြစ်ပြီး မိုးကြီးသည့်အချိန်တွင် ဖြစ်သန်းသွားလာနိုင်မည် မဟုတ်သေးကြောင်းဆိုသည်။

“အခုလမ်းပိုင်းမှာ ရေပြွန်တွေ၊ တံတားတွေတော့ လိုအပ်နေပါသေးတယ်။ တံတားကတော့ ပေ ၂၀ တစ်စင်း၊ ၂၅ ပေတစင်း လိုအပ်နေပါသေးတယ်။ ရေပြွန်တွေကိုတော့ ကိုယ်ထူကိုယ်ထ လုပ်သွားလို့ ရနိုင်ပါတယ်”ဟု ၄င်းက ဆက်ပြောသည်။

အဆိုပါ လမ်းဖွင့်ပွဲအခမ်းအနားသို့ တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မအီမြို့အုပ်ချုပ်ရေးမှူး၊ ကျော်ကိုင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျောက်ဝေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...