ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမှာ လက်လုပ်မိုင်း တွေ့ရှိပြန်

ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမှာ လက်လုပ်မိုင်း တွေ့ရှိပြန်

ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမတွင် မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း တစ်လုံးကို ယနေ့ ဒီဇင်ဘာလ ရ ရက်နေ့ နံနက်က တွေ့ရှိ ရှင်းလင်းနိုင်ခဲ့သည်ဟု မြောက်ဦးမြို့နယ် အုပ်ချူပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်က ပြောသည်။

အဆိုပါ မိုင်းအား အဝေးပြေးလမ်းမ မိုင်တိုင် အမှတ် ၁၁၃ နှင့် ၁၁၃/၁ အကြားရှိ သံတံတားအမှတ် ရ/၁၁၂၏ သံဘောင်အောက်တွင် တပ်ဆင်ထားရှိခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် တွေ့ရှိ ရှင်းလင်းနိုင်ခဲ့ခြင်းသည်။

“ မိုင်းတော့ မနက်က ထောင်ထားတဲ့ အဆင့်ပါပဲ။ ပေါက်တာတွေ ဘာတွေတော့ မရှိခဲ့ပါဘူး။” ဟု မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်က RiA သို့ ပြောသည်။

ရန်ကုန် စစ်တွေ အဝေးပြေးလမ်းမကြီးတွင် လက်လုပ်မိုင်း၊ ဗုံးတပ်ဆင်မှုများသည် မကြာခဏ ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမတည်ရှိရာ မင်းပြားနှင့် မြောက်ဦးမြို့နယ် ကြားမှာ မိုင်း ၃ လုံး ပေါက်ကွဲခဲ့ပြီး နောက်တစ်နေ့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် အဝေးပြေးလမ်းပေါ်ရှိ ကျောက်တော် မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အကြား မပေါက်ကွဲသေးသော လက်လုပ်မိုင်း ၄ လုံးကို ထပ်မံ တွေ့ရှိ ရှင်းလင်းနိုင်ခဲ့သည်။

ယင်းအပြင် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း စစ်တွေ – ရန်ကုန် အဝေးပြေးကားလမ်း မြောက်ဦးနှင့် မင်းပြားကြား မြောင်းဘွေရွာအနီးမှာ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၇ နှစ်အစတွင်ပင် ပုဏ္ဏားကျွန်း မြို့နယ်ရှိ ထို အဝေးပြေးလမ်းတွင်ပင် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးနှင့် မိုင်းအမြောက်အမြားကို တွေ့ရှိခဲ့သည်။

လတ်တလော အခြေအနေတွင် အဆိုပါ လမ်းအား ယာယီရပ်တန့်ထားလျက် တပ်မတော်မှ မိုင်းရှာဖွေ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ၎င်းမိုင်းကို မည်သူက တပ်ဆင်သည်၊ မည်သည့် အဖွဲ့အစည်းက ပြုလုပ်သည်ကိုမူ သတင်းအတည်ပြုနိုင်ခြင်း မရှိသေးကြောင်းနှင့် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်ဟု မြောက်ဦးမြို့နယ် အုပ်ချူပ်ရေးမှူးက ပြောသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...