SSPP ၏နယ်မြေ မိုင်းရင်ကျေးရွာအုပ်စုကို ပြောင်းလဲထိန်းချုပ်ထားဟု TNLA ပြော

SSPP ၏နယ်မြေ မိုင်းရင်ကျေးရွာအုပ်စုကို ပြောင်းလဲထိန်းချုပ်ထားဟု TNLA ပြော
by -
စိုးသူအောင်

ရှမ်းပြည်တပ်ဖွဲ့(SSPP/SSA) ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းရှိ မိုင်းရင်ကျေးရွာအုပ်စုကို တအာဝ်း/ ပလောင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) မှ ပြောင်းလဲထိန်းချုပ် လိုက်သည်ဟု TNLA ဘက်က ပြောသည်။

အဆိုပါနယ်မြေသည် ယခင်ကတည်းက (SSPP/SSA) ၏ထိန်းချုပ်နယ်မြေအတွင်းရှိနေခြင်းဖြစ်သော်လည်း မိုင်းရင်ကျေးရွာအုပ်စု တွင် တအာဝ်း/ ပလောင် ရွာများရှိသည့်အပြင် မူးယစ်ဆေးဝါး ထိန်းချုပ်သည့်ကိစ္စများ ကြောင့် နှစ်ဖက်နားလည်မှုယူလိုက်ခြင်းဖြစ်ကြောင်း TNLA ဒုတိယဥက္ကဋ္ဌ တာဂျတ်ဂျား ဆိုသည်။

“ အဲဒီ နယ်မြေတွေက အရင်ကလည်းနေဖူးတဲ့နေရာတွေလေ အဓိက ပလောင်ကျေးရွာလည်း ရှိတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့နေရာမှာ ဗွီနိုင်း တွေ လိုက်ကပ်တာပေါ့ ။ မူးယစ်ဆေးဝါးမရောင်းရ၊ မသုံးရ။ ဒါ SSPP လည်းသဘောတူတယ်လေ။ အဲဒါ တစ်ဖက်က ရှောင်ပေးသွားတာ။ ဘာမှမဟုတ်ဘူး အဓိက က ပူးတွဲတာပါ” ဟု ၄င်းက ပြောသည်။

နမ္မတူမြို့နယ်တွင်းရှိ မိုင်းရင်ကျေးရွာအုပ်စုတွင် ဒီဇင်ဘာလ ၁ ရက်နေ့ မှစတင်ကာ SSPP/SSA ထိန်းချုပ် နယ်မြေမှ TNLA ထိန်းချုပ်နယ်မြေအဖြစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်ပြီး ဒေသခံများကိုလည်း မိုင်းရင် ဘုန်းတော်ကြီးကျောင်း၌ အစည်းအဝေး တစ်ရက် ခေါ်ယူခဲ့ကြောင်း သိရသည်။

 အဆိုပါကိစ္စနှင့် ပက်သက်ပြီး ရှမ်းပြည်တပ်မတော် (SSPP/SSA) ဘက်ကို မဇ္ဈိမမှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း သီးခြားအတည်ပြုပေးခြင်းမရှိပေ။

 SSPP/SSA နှင့် TNLA တို့သည် အစိုးရမှ တရားမဝင်အဖွဲ့အစည်း အဖြစ်ကြေညာထားသည့်အဖွဲ့လည်းဖြစ်ပြီး UWSA ဦးဆောင်သည့် လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော   ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်းဆွေးနွေး ရေး ကော်မတီ (FPNCC) အဖွဲ့ဝင်လည်း ဖြစ်သည်။

May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...