NCA စာချုပ်လက်မှတ်ရေးထိုးမထိုး မွန်ပြည်သစ်ပါတီမဆုံးဖြတ်နိုင်ေသး

NCA စာချုပ်လက်မှတ်ရေးထိုးမထိုး မွန်ပြည်သစ်ပါတီမဆုံးဖြတ်နိုင်ေသး
by -
ဇေယျာမော်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) စာချုပ်တွင် လက်မှတ်ရေးထိုးသွားမည်ဟု တထစ်ချပြောဆို၍ မရသေးကြာင်း မွန်ပြည်သစ်ပါတီ မဟာမိတ် ဆက်ဆံရေးဌာနက နိုင်အောင်မငေးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"တခြား UNFC အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးရဦးမယ်။ တပ်ပေါင်းစုနဲ့လုပ်တဲ့အလုပ်ဆိုေတာ့ တထစ်ချပြောလို့မရသေးဘူးခင်ဗျ။ အချိန်အများကြီးလိုသေးတယ်" ဟု နိုင်အောင်မငေးကဆိုသည်။

မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီအစည်းအဝေးကို မွန်ပြည်သစ်ပါတီ ဌာနချုပ်၌  နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေး၌ NCA စာချုပ်အား လက်မှတ် ရေးထိုး မထိုး ဆွေးနွေးသွားဖြစ်ဟု မွန်ပြည်သစ်ပါတီမှ ပြောဆိုထားခြင်းများ ရှိခဲ့သည်။

သို့သော်လည်း ယခုလက်ရှိတွင် အစည်းအဝေး ဆုံးဖြတ်ချက်အရ လက်မှတ်ရေးထိုးသွားမည်မဟုတ်ဘဲ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ( UNFC) ၌ ပြန်လည်ဆွေးနွေးသွားမည်ဟု မွန်ပြည်သစ်ပါတီမှ ဆုံးဖြတ်ချက်ချခဲ့ခြင်းလည်းဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင် ဖြစ်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုရန် ညှိနှိုင်းနေသည့် အဖွဲ့လည်း ဖြစ်သည်။ UNFC အဖွဲ့တွင် မွန်ပြည်သစ်ပါတီ(NMSP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး(LDU) တို့ ပါဝင်သည်။

UNFC  အဖွဲ့မှ အစိုးရအား အဆိုပြုချက် (၈) ချက် တောင်းဆိုထားပြီး ယင်းအချက်များ ရရှိပါက အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးမည်ဟု ကြေညာထားသည်။ ယင်းအချက်များအနက် အစိုးရနှင့် UNFC ကြား ဆွေးနွေးရန် အချက် (၁) ချက်သာ ကျန်ရှိနေပြီး အဆိုပါအချက်အား ယခုလ နိုဝင်ဘာ ၁၆ ရက်နေ့၌ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းထားသော်လည်း ဆွေးနွေးပွဲမဖြစ်မြောက်ခဲ့ပေ။

Most read this week

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...