NCA စာချုပ်လက်မှတ်ရေးထိုးမထိုး မွန်ပြည်သစ်ပါတီမဆုံးဖြတ်နိုင်ေသး

NCA စာချုပ်လက်မှတ်ရေးထိုးမထိုး မွန်ပြည်သစ်ပါတီမဆုံးဖြတ်နိုင်ေသး
by -
ဇေယျာမော်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) စာချုပ်တွင် လက်မှတ်ရေးထိုးသွားမည်ဟု တထစ်ချပြောဆို၍ မရသေးကြာင်း မွန်ပြည်သစ်ပါတီ မဟာမိတ် ဆက်ဆံရေးဌာနက နိုင်အောင်မငေးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"တခြား UNFC အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးရဦးမယ်။ တပ်ပေါင်းစုနဲ့လုပ်တဲ့အလုပ်ဆိုေတာ့ တထစ်ချပြောလို့မရသေးဘူးခင်ဗျ။ အချိန်အများကြီးလိုသေးတယ်" ဟု နိုင်အောင်မငေးကဆိုသည်။

မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီအစည်းအဝေးကို မွန်ပြည်သစ်ပါတီ ဌာနချုပ်၌  နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေး၌ NCA စာချုပ်အား လက်မှတ် ရေးထိုး မထိုး ဆွေးနွေးသွားဖြစ်ဟု မွန်ပြည်သစ်ပါတီမှ ပြောဆိုထားခြင်းများ ရှိခဲ့သည်။

သို့သော်လည်း ယခုလက်ရှိတွင် အစည်းအဝေး ဆုံးဖြတ်ချက်အရ လက်မှတ်ရေးထိုးသွားမည်မဟုတ်ဘဲ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ( UNFC) ၌ ပြန်လည်ဆွေးနွေးသွားမည်ဟု မွန်ပြည်သစ်ပါတီမှ ဆုံးဖြတ်ချက်ချခဲ့ခြင်းလည်းဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင် ဖြစ်ပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုရန် ညှိနှိုင်းနေသည့် အဖွဲ့လည်း ဖြစ်သည်။ UNFC အဖွဲ့တွင် မွန်ပြည်သစ်ပါတီ(NMSP) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမို ကရက်တစ်အစည်းအရုံး(LDU) တို့ ပါဝင်သည်။

UNFC  အဖွဲ့မှ အစိုးရအား အဆိုပြုချက် (၈) ချက် တောင်းဆိုထားပြီး ယင်းအချက်များ ရရှိပါက အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးမည်ဟု ကြေညာထားသည်။ ယင်းအချက်များအနက် အစိုးရနှင့် UNFC ကြား ဆွေးနွေးရန် အချက် (၁) ချက်သာ ကျန်ရှိနေပြီး အဆိုပါအချက်အား ယခုလ နိုဝင်ဘာ ၁၆ ရက်နေ့၌ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းထားသော်လည်း ဆွေးနွေးပွဲမဖြစ်မြောက်ခဲ့ပေ။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...