ဘူးသီးတောင်မြို့နယ်တွင် ဒေသန္တရ လက်လုပ်မိုင်းပေါက်ကွဲ၍ မြိုလူမျိုးတစ်ဦး သေဆုံး

ဘူးသီးတောင်မြို့နယ်တွင် ဒေသန္တရ လက်လုပ်မိုင်းပေါက်ကွဲ၍ မြိုလူမျိုးတစ်ဦး သေဆုံး
by -
မဘုကေ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းတင် တောင်ကြား ဗောထိကိုင်းရွာအရှေ့ဖက် ကိုက် ၄ ထောင်ခန့်အကွာတွင် ဒေသန္တရ လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲ၍ မြိုတစ်ဦးသေဆုံးသွားသည် ဟု တောင်ဘဇာ နယ်ခြားစောင့် ရဲစခန်းမှ ရဲအုပ်ထွန်းလှိုင်က ပြောသည်။



အဆိုပါ လက်လုပ်မှိုင်းသည် နိုဝင်ဘာလ ၂၁ ရက် နံနက် ၈ နာရီခန့်အချိန်တွင် ပေါက်ကွဲခြင်းဖြစ်ပြီး သေဆုံးသွားသည့် မြို တိုင်ရင်းသားမှာ ဘိုကလေးရွာမှ ဦးနန်းဆောင်၏ သား ကိုရန်ဂီး အသက်(၂၁) နှစ် ဖြစ်ကြောင်း သိရသည်။

“ ပေါက်ကွဲတဲ့ မိုင်းက ဒေသန္တရ လက်လုပ်မိုင်း အမျိုးအစားပါ။ မိုင်းမှာ ၀ါးတွေ၊ ဓာတ်ခဲတွေနဲ့ လုပ်ထားတာပါ။ မိုင်းက ၂ပေနဲ့ ၂ လက်မခန့်ရှည်ပါတယ်။ ပေါက်ကွဲမှုကြောင့် မြိုတစ်ဦးသေဆုံးသွားပါတယ်” ဟု ရဲအုပ်ထွန်းလှိုင်က ပြောသည်။

အဆိုပါ သေဆုံးမှုကို တောင်ဘဇာ နယ်ခြားစောင့် ရဲစခန်းမှ သေမှုသေခင်း ဖွင့်၍ ဆောင်ရွက်နေသည် ဟု သိရသည်။

ဓာတ်ပုံ - လူမှုကွန်ရက်
June 3, 2026
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ပလက်ဝခရိုင်အပါအဝင် ရခိုင်ပြည်အတွင်းရှိမြို့နယ်များတွင်...
June 2, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ရေသန့်စက်ရုံ ၄၆ ရုံရှိသည့်အနက် စံမီသည့်စက်ရုံ ရှစ်ရုံသာရှိသည်ဟု...
June 1, 2026
(အခုလို အောင်မြင်မှုတွေရရှိလာတာဟာ အာရက္ခစစ်သည်တော်တွေရဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်...
May 30, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးအား လွတ်ရက်စေ့သော်လည်း ပြန်မလွှတ်ဘဲ...