ဘူးသီးတောင်မြို့နယ်တွင် ဒေသန္တရ လက်လုပ်မိုင်းပေါက်ကွဲ၍ မြိုလူမျိုးတစ်ဦး သေဆုံး

ဘူးသီးတောင်မြို့နယ်တွင် ဒေသန္တရ လက်လုပ်မိုင်းပေါက်ကွဲ၍ မြိုလူမျိုးတစ်ဦး သေဆုံး
by -
မဘုကေ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းတင် တောင်ကြား ဗောထိကိုင်းရွာအရှေ့ဖက် ကိုက် ၄ ထောင်ခန့်အကွာတွင် ဒေသန္တရ လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲ၍ မြိုတစ်ဦးသေဆုံးသွားသည် ဟု တောင်ဘဇာ နယ်ခြားစောင့် ရဲစခန်းမှ ရဲအုပ်ထွန်းလှိုင်က ပြောသည်။



အဆိုပါ လက်လုပ်မှိုင်းသည် နိုဝင်ဘာလ ၂၁ ရက် နံနက် ၈ နာရီခန့်အချိန်တွင် ပေါက်ကွဲခြင်းဖြစ်ပြီး သေဆုံးသွားသည့် မြို တိုင်ရင်းသားမှာ ဘိုကလေးရွာမှ ဦးနန်းဆောင်၏ သား ကိုရန်ဂီး အသက်(၂၁) နှစ် ဖြစ်ကြောင်း သိရသည်။

“ ပေါက်ကွဲတဲ့ မိုင်းက ဒေသန္တရ လက်လုပ်မိုင်း အမျိုးအစားပါ။ မိုင်းမှာ ၀ါးတွေ၊ ဓာတ်ခဲတွေနဲ့ လုပ်ထားတာပါ။ မိုင်းက ၂ပေနဲ့ ၂ လက်မခန့်ရှည်ပါတယ်။ ပေါက်ကွဲမှုကြောင့် မြိုတစ်ဦးသေဆုံးသွားပါတယ်” ဟု ရဲအုပ်ထွန်းလှိုင်က ပြောသည်။

အဆိုပါ သေဆုံးမှုကို တောင်ဘဇာ နယ်ခြားစောင့် ရဲစခန်းမှ သေမှုသေခင်း ဖွင့်၍ ဆောင်ရွက်နေသည် ဟု သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...