ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း နှစ်(၁ဝဝ) ပြည့်မွေးနေ့ အထိမ်းအမှတ်ဂုဏ်ပြုပွဲ မြို့ကြီးသုံးမြို့တွင်ကျင်းပ

ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း နှစ်(၁ဝဝ) ပြည့်မွေးနေ့ အထိမ်းအမှတ်ဂုဏ်ပြုပွဲ မြို့ကြီးသုံးမြို့တွင်ကျင်းပ
by -
နောင်ခိုင်အောင်

ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း၏ နှစ် ၁ဝဝ ပြည့် မွေးနေ့အထိမ်းအမှတ်အခမ်းအနားကို စစ်တွေ၊ ရန်ကုန်နှင့် ဆရာကြီး၏ မွေးရပ်ဇာတိဖြစ်သည့် မြောက်ဦးမြို့တို့တွင် ယနေ့ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေ ဦးဥတ္တမခန်းမတွင် ၈၈ ရခိုင်မျိုးဆက်များလူမှုဖွံဖြိုးရေးအဖွဲ့မှ ဦးဆောင်ပြီး ဆရာကြီး ဦးသာထွန်းနေ့ကို ကျင်းပခဲ့သည်။

“ဆရာကြီး ဦးသာထွန်းဟာ ကျနော်တို့ရခိုင်ပြည်သူတွေရဲ့ သမိုင်းတွေ ယဉ်ကျေးမှုတွေကို ကမ္ဘာကသိအောင် ဖော်ထုတ်နိုင်ခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လို လူငယ်လူလတ်ပိုင်တွေမှာ ဒီလိုလေးစားထိုက်တဲ့ပုဂ္ဂိုလ်တွေကို ဖော်ထုတ်ဂုဏ်ပြုပေးဖို့ အတွက် တာဝန်တွေအများကြီးရှိတယ်လိူ့ ခံယူပြီးတော့ ကျင်းပရတာဖြစ်ပါတယ် ” ဟု ၈၈ ရခိုင်မျိုးဆက်များလူမှုဖွံဖြိုးရေးအဖွဲ့၏ ထွေထွေအတွင်းရေးမှူး ဦးခိုင်ဆန်းအောင်က ပြောသည်။

အခမ်းအနားကို ရခိုင်ရိုးရာမင်္ဂလာစည်းတော်များဖြင့် တီးခတ်ဖွင့်လှစ်ခဲ့ပြီး ရိုးရာအကအလှများဖြင့်ဖြေဖျော်ခြင်း၊ ကဗျာရွတ်ဖက်ခြင်း၊ စာတမ်းဖတ်ခြင်းနှင့် ရခိုင်အဆိုတော်တချို့မှ ရခိုင်တေးသီချင်းများဖြင့် ဂုဏ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...